CEPA Facilitator Handbook (Burmese Version)

မြေပေါ်မြေအောက် ရေပေါ်ရေအောက် သဘာဝသယံဇာတများသည် သက်ရှိသတ္တဝါများနှင့် အပင်များ အသက် ရှင်ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ် အလွန်အရေးကြီးသော သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပါသည်။ အလား တူပင် မုတ္တမပင်လယ်ကွေ့ဒေသသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့အဆင့် ထူးခြားသော ရေချိုရေငံစပ်ဒေသ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္တအကြီးဆုံး ရမ်ဆာရေဝပ်ဒေသတစ်ခုလည်းဖြစ်ပါသည်။ ထို့ကြောင့် မုတ္တမ ပင်လယ်ကွေ့‌ဒေသ၏ တမူထူးခြားသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝသယံဇာတအရင်းအမြစ်များ ရေရှည် တည်တံ့စေရန်အတွက် သယံဇာတများ ထိန်းသိမ်းစောင့်ရှောက်ရေးမှာလည်း အလွန်အရေးကြီးသော လုပ်ငန်း စဉ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မုတ္တမပင်လယ်‌ကွေ့တွင်း နေထိုင်ကြသော ရပ်ရွာလူထုကိုယ်တိုင် ၄င်းတို့ ဒေသ၏ သဘာဝသယံဇာတများအား တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ဟူသော ရည်ရွယ်ချက် ဖြင့် မုတ္တမပင်လယ်ကွေ့‌ဒေသ သယံဇာတထိန်းသိမ်းခြင်း လူထုပူးပေါင်းပါဝင်သော အသိပညာပေးလုပ်ငန်း (CEPA) ကို မုတ္တမပင်လယ်ကွေ့ဒေသရှိ ကျေးရွာများနှင့် စာသင်‌‌ကျောင်းများတွင် ၂၀၁၈-ခုနှစ်မှစ၍ ထဲထဲဝင်ဝင် ဆောင်ရွက်လျှက်ရှိပါသည်။

CEPA ဟူသည် ရပ်ရွာလူထုပူးပေါင်းပါဝင်သော အသိပညာပေးခြင်းလုပ်ငန်းဖြစ်သည့်အားလျော်စွာ ရေရှည် တည်တံ့စေရန်အတွက် ထိန်းသိမ်းရန်လိုအပ်သောဒေသတွင် နေထိုင်သူလူထုအား အသိပညာပေးခြင်းကို ဆောင်ရွက်ရာတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်၊ ရမ်ဆာဒေသများနှင့် ရေဝပ်ဒေသများအား အကျိုးပြုခြင်း ဆိုင်ရာအခြေခံသဘောတရားများ၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ရေဝပ်ဒေသနှင့် ရေပျော်ငှက်များ၊ ပင်လယ်နေနို့တိုက်သတ္တဝါများ၊ ငါးလုပ်ငန်းစီမံခန့်ခွဲခြင်း၊ ကောင်းမွန်သောစိုက်ပျိုးရေးနည်းစနစ်များ၊ ရာသီ ဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေူအန္တရာယ်၊ အမှိုက်နှင့် ပလပ်စတစ်စီမံခန့်ခွဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း‌ ရေးဆိုင်ရာ ဥပဒေများ စသည့်အကြာင်းအရာများကို ထည့်သွင်းဆွေး‌နွေးပါသည်။

ပထမဦးစွာ CEPA ဦးဆောင်ဆွေးနွေးသူများသင်တန်းကို CEPA ပူးပေါင်းဆောင်ရွက်မည့် ရပ်ရွာအခြေပြုအဖွဲ့ များနှင့် စီမံချက်ဝင်ကျေးရွာများမှ လူငယ်များကို သင်တန်းပို့ချပါသည်။ သင်တန်းပို့ချရာတွင်လည်း သင်ကြား ခြင်းနည်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ လှုပ်ရှားမှု game များနှင့် သရုပ်ပြခြင်း စသည်ဖြင့် သင်ကြားခြင်းနည်းလမ်း မျိုးစုံဖြင့် သင်ကြားပါသည်။

ကျေးရွာများနှင့် စာသင်ကျောင်းများတွင် CEPA လုပ်ငန်းများလုပ်‌ဆောင်ရွာတွင်လည်း ရပ်ရွာလူထုအား အသိ ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းအပြင် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ အထိမ်းအမှတ်အခမ်းအနားများပြုလုပ်ခြင်းနှင့် သစ်ပင်များစိုက်ပျိုးခြင်းအပြင် အမူအကျင့် ပြောင်းလဲခြင်းအတွက် ပစ္စည်းများ ထောက်ပံ့ပေးခြင်းကိုပါ ဆောင်ရွက်ပါသည်။

မုတ္တမပင်လယ်ကွေ့ရမ်ဆာရေဝပ်ဒေသတွင် CEPA လုပ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ရမ်ဆာ‌ဒေသဖြစ် ခြင်း၊ ကမ္ဘာပေါ်တွင် မျိုးတုန်း‌ပျောက်ကွယ်တော့မည့် ရှားပါးငှက်မျိုးစိတ်များ နှစ်စဉ်လာရောက်ဆောင်းခိုကြ ခြင်းနှင့် အဖိုးတန်ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝခြင်းတို့ကြောင့် CEPA ကို အလေးထား လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ ရေတိမ်ဒေသများဖြစ်ပေါ်တည်ရှိနေခြင်းသည် ကမ္ဘာပေါ်ရှိ အပင်နှင့် သက်ရှိအားလုံး ရှင်သန် ရပ်တည်နိုင်ရန်အတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါသည်။ အပင်နှင့် သတ္တဝါများ၊ လူသားများအတွက် အလွန်အကျိုးရှိသော ‌ဂေဟစနစ်ဝန်ဆောမှုကို ပေးပါသည်။

Published By: 

Gulf of Mottama Project

Published Date: 

August 2023
PDF icon Download PDF (98.28 MB)