ပင်လယ်နေနို့တိုက်သတ္တဝါထိန်းသိမ်းရေး

ပင်လယ်နေနို့တိုက်သတ္တဝါထိန်းသိမ်းရေး

မုတ္တမပင်လယ်ကွေ့ဒေသ၏ကမ်းရိုးတန်းအတွင်း ပင်လယ်နေနို့တိုက် သတ္တဝါမျိုးစိတ် ၃ မျိုး ကျက်စားလျက်ရှိကြောင်း ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှစ၍ သုတေသနပညာရှင်များက အတည်ပြုခဲ့ ကြသည်။ ၎င်းတို့မှာ အင်ဒို-ပစိဖိတ် ကျောဆူးတောင်မပါလင်းရှူး (Neophocaena phocaenoides)၊ ဧရာဝတီလင်းပိုင် (Orcaella brevirostris) နှင့် အင်ဒို-ပစိဖိတ် ကျောဘို့ပါလင်းပိုင် (Sousa chinensis) တို့ဖြစ်ကြသည်။ မော်လမြိုင်တက္ကသိုလ်၊ Point B Design + Training ရှိ Myanmar Coastal Conservation Lab (MCCL) သည် နိုင်ငံတကာမှ ပင်လယ်နေနို့တိုက်သတ္တဝါကျွမ်းကျင် ပညာရှင်များထံမှ အကြံဉာဏ်များရယူ၍ သုတေသနများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါသည်။

မုတ္တမပင်လယ်ကွေ့ဒေသအတွင်းရှိ ထိုတိရစ္ဆာန်များ၏အခြေအနေကို အကဲဖြတ်နိုင်ရန် ကျွန်ုပ်တို့ သည် ဤဒေသတွင် ကျက်စားကြသည့် မျိုးစိတ်တစ်စိတ်ချင်းစီ၏ အကောင်အရေအတွက်ကို တွက်ချက်ပေးရန် လိုအပ်သည်။ ထိုသို့တွက်ချက်ပြီးပါက ပင်လယ်နေနို့တိုက်သတ္တဝါများ မတော် တဆဖမ်းဆီးသေဆုံးမှုသည် မုတ္တမပင်လယ်ကွေ့ရှိပင်လယ်နေနို့တိုက်သတ္တဝါများအတွက် ကြီးမား သည့်စိန်ခေါ်မှုဟုတ်မဟုတ်ကို အကဲဖြတ်နိုင်မည်ဖြစ်သည်။ ကြီးမားသည့်စိန်ခေါ်မှုကြီးဖြစ်နေပါက ဒေသခံပြည်သူများနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ မတော်တဆဖမ်းဆီးသေဆုံးမှု လျှော့ချနိုင် မည့် နည်းလမ်းများကို စဉ်းစားဖော်ထုတ်ရန် လိုအပ်လာပါမည်။ လင်းပိုင်နှင့်လင်းရှူးများ ထိန်းသိမ်း ကာကွယ်ခြင်းလုပ်ငန်းသည် ဒေသခံရေလုပ်သားများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအပေါ် အန္တရာယ်မဖြစ်စေရေးအတွက် ထိန်းသိမ်းကာကွယ်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဒေသခံ ပြည်သူများနှင့် ထဲထဲဝင်ဝင် လက်တွဲလုပ်ဆောင်ရန်လိုအပ်ပါသည်။ ဤလုပ်ငန်းစဉ်တွင် ဒေသခံများ မပါဝင်ပါက ထိန်းသိမ်းကာကွယ်ရေးအတွက် ကြိုးပမ်းမှုများသည်လည်း အောင်မြင်မည့် အလား အလာရှိမည်မဟုတ်ပေ။

သုတေသနပညာရှင်များသည် မုတ္တမပင်လယ်ကွေ့ဒေသအတွင်းရှိ ပင်လယ်နေနို့တိုက်သတ္တဝါများ အား သုတေသနပြုလုပ်ချက်မှ ကနဦးတွေ့ရှိချက်များကို ၂၀၂၀ခုနှစ်တွင် ဘာစီလိုနာမြို့၌ကျင်းပ သည့် World Marine Mammal Science Conference တွင် ရှင်းလင်းတင်ပြခဲ့ရာ တောင်နှင့် တောင်အာရှတစ်ခွင်ရှိ ပင်လယ်နေနို့တိုက်သတ္တဝါများအကြောင်း အကောင်းဆုံးရှင်းလင်းဆွေးနွေးမှု အတွက် အထူးချွန်ဆုံးဆုဖြစ်သည့် J. Stephen Leatherwood Memorial Award ကို သုတေသန အဖွဲ့က လက်ခံရရှိခဲ့ပါသည်။ အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။