ဘေးအန္တရာယ်ကြောင့်ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ပါးရေးသည် စစ်တောင်း မြစ်ဝှမ်းနှင့် မုတ္တမပင်လယ်ကွေ့တွင်သာမက မွန်ပြည်နယ်နှင့် ကမ်းရိုးတမ်းတစ်ခုလုံးအ တွက် အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ်ပါ သည်။ ကမ်းရိုးတမ်း ဒေသဖြစ်သည်နှင့်အညီ မိုးများပြီး ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မြစ်ကမ်းပါး များတိုက်စားခြင်းကြောင့် မြစ် ကမ်းပါးပြိုကျခြင်းဘေးဒဏ်ကို နှစ်စ ဉ်နှစ်တိုင်း ဆိုးရွားစွာ ခံစားနေရသော ဒေသတစ်ခု ဖြစ်ပါသည်။
မုတ္တမပင်လယ်ကွေ့စီမံချက်သည် မွန်ပြည်နယ်၊ စစ်တောင်းမြစ်ဝှမ်းနှင့် မုတ္တမ ပင်လယ်ကွေ့ဒေသတွင်း နေထိုင်ကြသော ပြည်သူလူထုအနေဖြင့် သဘာဝဘေး ရင် ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် မိမိတို့ကိုယ် တိုင်ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်ရန်အတွက် ဘေးအန္တရာယ်မဖြစ်မီကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးလျှက် ရှိပါသည်။ ယင်းကဲ့သို့ပံ့ပိုးကူညီရာတွင် ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းအတွက် ကျေးရွာများတွင် ဘေးအန္တရာယ်လျော့ပါး ရေးလုပ်ငန်းများ ဉီးဆောင် ဉီးရွက်ပြု ဆောင် ရွက်နိုင်ရန် တာဝန်ခံထားရှိခြင်း၊ ကျေးရွာ ကော်မတီဝင်များအား ဘေးအန္တရာယ် ကြောင့် ထိခိုက်နိုင်ခြေ လျော့ပါးရေး သင် တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ဘေးအန္တ ရာယ်လျော့ပါးရေး အသိပညာပေး ဟော ပြောပွဲများ ပြုလုပ်ခြင်း၊ ကျေးရွာအလိုက် ဘေးအန္တရယ်လျော့ပါးရေး လုပ်ငန်းစ ဉ်များ ရေးဆွဲခြင်းနှင့် ဘေးအန္တရာယ်လျော့ပါး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ပံ့ပိုးဆောင် ရွက်ပေးလျှက်ရှိပါသည်။
မုတ္တမပင်လယ်ကွေ့စီမံချက် အနေ ဖြင့် ဘေးကျရောက်လွယ်သော စီမံချက်ဝင် ကျေးရွာများတွင် ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်းကိုသာမက ၂၀၁၉ ခုနှစ် ရေဘေးဖြစ်ပွားနေစ ဉ်အတွင်း ဘေးဒဏ်ခံ စားရသူများအား အစားအစာခြောက်များ နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ၊ ကယ် ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသော လူမှု ကူညီရေးအဖွဲ့သို့ စက်လှေများကိုလည်း ထောက်ပံ့ပေးခဲ့ပါသည်။
ထို့အပြင် HELVETAS Myanmar သည် မွန်ပြည်နယ် ဘေးအန္တရာယ်လျော့ပါးရေး အလုပ်အမှုဆောင်အဖွဲ့ ဉက္ကဌ တာဝန်ယူ ထားသည်နှင့်အညီ မွန်ပြည်နယ် ဘေးအန္တ ရာယ်လျော့ပါးရေးအလုပ်အမှုဆောင်များ ပုံမှန်အစည်းအဝေးပြုလုပ်ခြင်း၊ မွန်ပြည်နယ် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများတွေ့ဆုံပွဲ များကိုလည်း ဉီးဆောင် ဉီးရွက်ပြု ဆောင် ရွက်လျှက်ရှိပါသည်။ ၄င်းအပြင် ကြိုတင်ပြင် ဆင်ခြင်းအနေဖြင့် မုတ္တမပင်လယ်ကွေ့စီမံ ချက်သည် မွန်ပြည်နယ် ဘေးအန္တရာယ် လျော့ပါးရေးအလုပ်အမှုဆောင်အဖွဲ့၊ မွန် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှု ဉီးစီးဌာနတို့နှင့် ပူပေါင်းကာ မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်ရှိ ဘေးကျရောက် လွယ်သော အထူးသဖြင့် ရေကြီးရေလျှံခြင်း နှင့်မြေပြိုခြင်း ဘေးကိုကြုံတွေ့ရလေ့ရှိသော ဒေသခံများ ယင်းဘေးဒဏ်ခံစားရမှုမှ လျော့ နည်းသက်သာစေရန် ကြိုတင်ပြင်ဆင်ခြင်း နှင့် ဘေးကျရောက်စ ဉ် ဘေးဒဏ်ခံရပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အန္တရာယ်ကင်းကင်းဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နို်င်ရန်အတွက် မြို့ နယ်နှင့် ကျေးရွာအဆင့် ဘေးအန္တရာယ်စီ မံခန့်ခွဲမှု ကော်မတီဝင်များနှင့် ကျေးရွာစေ တနာ့လုပ်အားရှင်များအား ဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းများ ဖွင့်လှစ်ပို့ချပေး လျှက်ရှိပါသည်။
သို့ဖြစ်ပါ၍ မုတ္တမပင်လယ်ကွေ့စီမံ ချက်သည် မွန်ပြည်နယ်၊ စစ်တောင်းမြစ်ဝှမ်း နှင့် မုတ္တမပင်လယ်ကွေ့ရှိ ဘေးကျရောက် လွယ်သော ဒေသများတွင် ဘေးအန္တရာယ် မဖြစ်မီ ကြိတင်ပြင်ဆင်ခြင်း၊ ဘေးကျရောက် စဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။