မုတ္တမပင်လယ်ကွေ့စီမံကိန်းဝင် ကျေးရွာများကို လက်ရှိရင်ဆိုင်နေရသည့် COVID 19 ကပ်ရောဂါကို တုံ့ပြန်နိုင်ရန် တွက် စားဝတ်နေရေးချို့တဲ့သည့် မိသားစု များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
မုတ္တမပင်လယ်ကွေ့စီမံချက် အနေနဲ့ စီမံချက်ဝင်ကျေးရွာများကို စားဝတ်နေရေး ချို့တဲ့မှုရှိနေတဲ့ အိမ်ထောင် စုတွေကို တစ်အိမ်ထောင်စုလျှင် ကျပ်ငွေ (ရဝဝဝဝ) ပေးအပ်လှူဒါန်းခဲ့ပါတယ်ဟု စီမံကိန်းမန်နေဂျာ ဉီးသန်းထိုက်အောင်က ပြောသည်။
အဆိုပါထောက်ပံ့ငွေ ပေးအပ်ခြင်း နှင့်ပတ်သတ်၍ ချို့တဲ့သည့်အိမ်ထောင်စုများ ရွေချက်ရာတွင် စီမံကိန်းမှ စံသတ်မှတ်ချက် (၁၆) ချက်ကို ခြေခံပြီး သက်ဆိုင်ရာကျေး ရွာဖ္ပံ့ဖြိုးရေးကော်မတီ(Village Development Committee)မှစာရင်းပြုစု ရွေချယ်ခဲ့ပါသည်။ ကျေးရွာဖွံ့ဖြိုးရေးကော် မတီမှတင်ပြထားသည့် အိမ်ထောင်စုအရေ အတွက်အပေါ်တွင် ၄င်းချမှတ်ထားသည့် စံသတ်မှတ်ချက်တွေကို ကိုက်ညီမှုရှိ မရှိ စိစစ်ပြီးမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ပါသည်။
ကိုဗစ်ကာလတွင် အလုပ်ရှားပါးမှု နှင့် အသွားအလာကန့်သတ်သည့်အတွက် ကြောင့် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု များသည် အခက်အခဲများ ပိုမိုရင်ဆိုင်နေရ ပါသည်။
မုတ္တမပင်လယ်ကွေ့စီမံချက်သည် မွန်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီး မြို့နယ် (၈) မြို့နယ်တွင် အိမ်ထောင်စုပေါင်း (၁၈၄၆) ပြီးခဲ့သည့်ဇူလိုင်လတွင် သွားရောက် ပံ့ပိုးလှူ ဒါန်းခဲ့ပါသည်။
မုတ္တမပင်လယ်ကွေ့စီမံချက်သည် SDC မူပိုင်စီမံချက်ဖြစ်ပြီး HELVETAS Myanmar၊ NAG နှင့် IUCN တို့ပူးပေါင်းအကောင် ထည်ဖော်လျှက်ရှိပါသည်။