မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် EAFM သင်တန်း မုတ္တမပင်လယ်ကွေ့စီမံချက်မှ ကျင်းပနိုင်ခဲ့

မွန်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် EAFM သင်တန်း မုတ္တမပင်လယ်ကွေ့စီမံချက်မှ ကျင်းပနိုင်ခဲ့

မုတ္တမပင်လယ်ကွေ့စီမံချက်မှ ဂေဟစနစ်အခြေပြု ငါးလုပ်ငန်း စီမံခန့်ခွဲမှုသင်တန်း (EAFM)ကို ပထမဆုံးအကြိမ်ဖြင့် မွန် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ဇန်နာ၀ါရီလ ၂၅-၂၉ ရက်နေ့ တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အစိုးရဌာနအသီးသီးမှဝန်ထမ်းများ၊ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစုအဖွဲ့မှ ရေလုပ်သားများနှင့် မုတ္တမပင်လယ်ကွေ့စီမံချက်မှ ဝန်ထမ်းများ အပါအဝင် လူဦးရေ ၃၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။

ဂေဟစနစ်အခြေပြု ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းသည် ရေ ရှည်တည်တံ့ခိုင်မြဲသော ငါးလုပ်ငန်းအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် ဆက်စပ် လျက်ရှိသော တရားမဝင်ငါးဖမ်းခြင်းများလျှော့ချရေးနှင့် ငါးအရင်းအမြစ်များ ပြန်လည်တိုးပွားရှင်သန်ရေးများ အောင်မြင်ရေးအတွက် အရေးပါသော အကြောင်းအရင်းတစ်ခု ဖြစ်ကြောင်းကို မွန်ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးထွန်းဌေး မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထပ်မံ၍ မုတ္တမပင်လယ်ကွေ့ဒေသသည် ကမ္ဘာ့အကြီးဆုံး ရေဝပ် ဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရေညှောင့် နှုတ်ဝိုင်းငှက် (ဒေသအခေါ် ဒီလုံးငှက်) အပါအဝင် အခြားမျိုးသုန်းအန္တရာယ် ကြုံတွေ့နေရသော မျိုးစိတ် များသာမက ထောင်ပေါင်းများစွာသော ရွေ့ပြောင်း ကျက်စားသောငှက်များ၏ နေထိုင်ကျက်စားရာ ဒေသ တစ်ခု ဖြစ်ကြောင်းကို နိုင်ငံတကာဆိုင်ရာ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN ၏ ဖော်ပြချက်အရ သိရပါသည်။ ထင်ရှားသည့် အချက်တစ်ခုအနေဖြင့် မုတ္တ မပင်လယ်ကွေ့ဒေသသည် မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ ကမ်းရိုးတန်းဒေသတလျှောက် မှီတင်းနေထိုင်သော သိန်းပေါင်းများစွာသော လူသားများ အတွက် ကဏ္ဍပေါင်းစုံသော အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖန်တီးပေးသော ဒေသတစ်ခုဖြစ်ပေသည်။

မုတ္တမပင်လယ်ကွေ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ

၂၀၁၇ ခုနှစ်တွင် ကဏ္ဍစုံ အေဂျင်စီများ၊ အရပ် ဖက်လူမှုအဖွဲ့အစည်းများနှင့် မုတ္တမပင်လယ်ကွေ့စီမံ ချက်တို့၏ မရပ်မနား ကြိုးစားအားထုတ်မှုဖြင့် ကျိုက် ထိုနှင့် ဘီးလင်းမြို့နယ်များတွင် ငါးခုမြောက် ရမ်ဆာ ဆိုက် (RAMSAR site)ကမ္ဘာ့ရေဝပ်ဒေသကို ဖန်တီးဖော် ဆောင်နိုင်ခဲ့ပါ သည်။ ရမ်ဆာဆိုက် ဖန်တီးနိုင်မှုနှင့် စပ် လျဉ်းပြီး မွန်ပြည်နယ်အစိုးရအနေဖြင့် သထုံမြို့နယ်အ တွင်း ငါးလုပ်ငန်းစုပေါင်းစီမံခန့်ခွဲရေးဇုံနှင့် ကဏန်းမျိုး စိတ် ထိန်းသိမ်းရေးဒေသများ သတ်မှတ်ဖော်ဆောင်ခဲ့ ပါသည်။

ဆက်လက်ပြီး ကျန်ရှိနေသည့်မြို့နယ်များဖြစ် သည့် ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နှင့် ချောင်းဆုံတို့သည် ငါးလုပ်ငန်းစုပေါင်းစီမံခန့်ခွဲရေးဇုံများ တိုးချဲ့သတ်မှတ်နိုင် ရန် မုတ္တမပင်လယ်ကွေ့စီမံချက်နှင့် ရေလုပ်သားဖွံ့ဖြိုး တိုးတက်ရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ မွန်ပြည် နယ်အစိုးရသို့ တင်ပြဆွေးနွေးနိုင်ခဲ့ပါသည်။

ယခုလက်ရှိအခြေအနေတွင် ပုံမှန်ကင်းလှည့်စစ် ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်နေသော်လည်း အကြောင်းကြောင်းသော စိန်ခေါ်မှုများဖြစ်သည့် ဒေသ တွင်းစီးပွား ရေးလုပ်ငန်းရှင်များ၏ စီးပွားရေးအကျိုး အမြတ်အတွက် လက်ဝါးကြီးအုပ်စိုးမှုများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၏ အရေးယူဆောင်ရွက်မှုများလုပ် ဆောင်ရန် အားနည်းခြင်းများကြောင့် တရားမဝင် ငါးဖမ်း လုပ်ငန်းများသည် မုတ္တမပင်လယ်ကွေ့ဒေသများတွင် သာမက မြန်မာတစ်နိုင်ငံလုံးရှိ ကမ်းရိုးတမ်းဒေသများ တွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပွားလျက် ရှိပါ သည်။

နှစ်စဉ်နှစ်တိုင်း ငါးရစ်ငါးသန်ရာသီ(ငါးသား ပေါက်ချိန်)များတွင် ငါးဖမ်းခြင်းကို ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် တားမြစ်လျက်ရှိပါသည်။ သို့သော်ငြားလည်း ယင်းဒေသများတွင် ပုံမှန်ကင်းလှည့်စစ်ဆေးခြင်းများ မဆောင်ရွက်နိုင်ခြင်း၊ လူထုအသိပညာပေးမှု အားနည်း ခြင်းနှင့် အရေးယူဆောင်ရွက်မှု အားနည်းခြင်းများ ကြောင့် တရားမဝင်ငါးဖမ်းခြင်းများ ဆက်လက်ဖြစ်ပွား နေဆဲပင်ဖြစ်သည်။ အခြားသောအကျိုးသက်ရောက်မှု များဖြစ်စေသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတုမြေ ဩဇာနှင့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ အလွန်အ ကျွံအသုံးပြုခြင်း၊ စက်ရုံစွန့်ပစ်ရေဆိုးများ၊ စစ်တောင်း မြစ်နှင့် ဘီးလင်းမြစ်ချောင်းဖျားဧရိယာတစ်ဝိုက်တွင် သဘာဝပတ်ဝန်ကျင်ကို ထိခိုက်စေသော ကြီးမားသည့် ရွှေတူးဖော်ရေး စီမံကိန်းလုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် စိုက်ပျိုးမြေများ ချဲ့ထွင်ရန် ဒီရေတောများ ခုတ်ထွင်ရှင်း လင်းခြင်း အစရှိသည့် လုပ်ရပ်များကြောင့် ငါးသယံဇာတ အရင်းအမြစ်များ ကျဆင်းလာခြင်း ဖြစ်ပါသည်။

မုတ္တမပင်လယ်ကွေ့ဒေသသည် တရားမဝင်ငါး ဖမ်းသူများနှင့် တရားဝင်ငါးဖမ်းသူများအကြား အကြီးမား ဆုံး ပဋိပက္ခများ ဖြစ်ပွားရာဒေသတစ်ခုပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းဒေသသည် ဒေသအသီးသီး မှ ရေလုပ်သားများသည် အတားအဆီးမရှိ ငါးဖမ်းဆီးနိုင် သော ငါးဖမ်းကွက်တစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။ သထုံမြို့နယ်မှ တရားဝင်ငါးဖမ်းသူတစ်ဦး၏ ပြောပြချက် အရ ငါးဖမ်းဆီးရရှိမှုများ သိသိသာသာကျဆင်းလာရခြင်း မှာ သံဇကာပိုက်ခေါ် ပိုက်ကွက်အသေးများ အသုံးပြုပြီး ငါးဖမ်းဆီးခြင်းကြောင့် ငါးသားပေါက်မှုကို ပျက်စီးစေ သော အဓိကအကြောင်းအရင်းဖြစ်ပါသည်။

ဘာအတွက်ကြောင့် EAFM ကို မြန်မာနိုင်ငံမှာ လုပ် ဆောင်ရသလဲ

EAFM သင်တန်းအတွက် သင်ခန်းစာကို ကမ္ဘာ့ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)မှ ဦးဆောင်ပြီး နိုဝင်ဘာလ ၂၀၂၁ ခုနှစ်တွင် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဖူးခက်တွင်တကြိမ်၊ ၂၀၁၃ ဇန်နဝါရီလ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဒုတိယ အကြိမ် လုပ်ဆောင်ခဲ့ပြီး တတိယအကြိမ်အဖြစ် ၂၀၁၃ ဇွန်လတွင် မလေးရှားနိုင်ငံ ကိုတာကင် နဘူလာမြို့တွင် ဆွေးနွေးရေးဆွဲခဲ့ပါသည်။ ထိုသင်တန်း သင်ခန်းစာတွင် အပိုင်း ၁၇ ပိုင်း ပါဝင်ပြီး သင်တန်းသားများအတွက် ပြည့်စုံသောသင်ကြားမှုကို ကောင်းကောင်းမွန်မွန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

ဩဂုတ်လ ၂၀၂၁ တွင် EAFM သင်တန်းကို မြန် မာနိုင်ငံ ရန်ကုန်မြို့တွင် FAO မှစီစဉ်ခဲ့ပြီး ၎င်းသင်တန်း တွင် အသေးစားငါးလုပ်ငန်းများဆိုင်ရာ လမ်းပြသင်တန်း ကိုလည်း ပထမအကြိမ်အနေဖြင့် ထည့်သွင်းသင်ကြား ပေးနိုင်ခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ အစိုးရဆိုင်ရာ သင် တန်းအဖွဲ့များ၊ တက္ကသိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်း များမှ သင်တန်းသား ၃၅ ဦးပါဝင်တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင် သင်တန်းဆရာဖြစ် TOT ကို အရပ် ဘက်အဖွဲ့အစည်းများနှင့် ရေလုပ်သားများမှတဆင့် ပြန် လည်ဝေမျှပေး နိုင်ရန်အတွက် တစိတ်တဒေသ ထည့် သွင်းသင်ကြား ပေးခဲ့ပါသည်။

EAFM သည် အခြားသောလုပ်ငန်းစဉ်များ ဖြစ် ကြသော ရေအရင်းအမြစ်စီမံခန့်ခွဲခြင်းနှင့် ကုန်းမြေစီမံ ခန့်ခွဲခြင်းမှတဆင့် ငါးလုပ်ငန်း စုပေါင်းစီမံခန့်ခွဲမှုနှင့် ရေ ချိုထိန်းသိမ်းကာကွယ်ရေး ကဏ္ဍများအထိ သက်ရောက် မှုရှိပါသည်။ ၎င်းသည် ဂေဟစနစ်ကောင်းမွန်စွာဖြစ်ထွန်း ရေးနှင့် လူသားများကောင်းမွန်စွာ အသက်ရှင်သန်နိုင် ရေးအကြား ညီညွတ်မျှတမှုကို ထိန်းသိမ်းပေးနိုင်သော စနစ်ကူးပြောင်းမှုတစ်ခုကို နောင်မျိုးဆက်များအတွက် ဖြစ်ထွန်းစေနိုင်ပါသည်။

EAFM သည် ရေငန်နှင့် ကုန်းတွင်းပိုင်း ငါးဖမ်း လုပ်ငန်းများ ဖြစ်ထွန်းမှုကို စီမံခန့်ခွဲမှုပေးနိုင်မည့် မြန်မာ နိုင်ငံနှင့် ကိုက်ညီ၍ ဖြစ်နိုင်ချေရှိသော နည်းလမ်းတစ်ခု အဖြစ် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ထို့အတွက် ကြောင့် မုတ္တမပင်လယ်ကွေ့စီမံချက်အနေဖြင့်လည်း EAFM သည် လက်တွေ့ဆန်သော စီမံခန့်ခွဲမှုတစ်ခုဖြစ် ကြောင်းကို မုတ္တမပင်လယ် ကွေ့ဒေသရှိ ရေလုပ်သား များနှင့် ဒေသခံများကို ကောင်းမွန်စွာ နားလည်သဘော ပေါက်နိုင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် သွားရန် စီစဥ်လျက် ရှိပါသည်။

မုတ္တမပင်လယ်ကွေ့စီမံချက် ဘာတွေလုပ်ဆောင် နေပါသလဲ

EAFM သင်တန်းပြီးဆုံးတဲ့နောက်မှာ မုတ္တမပင် လယ်ကွေ့စီမံချက်သည် EAFM လုပ်ငန်းအဖွဲ့ကို နည်း ပညာလုပ်ငန်း အကောင်အထည်ဖော်လုပ်ဆောင် နိုင်ရန်နှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲနိုင်ရန် ရည် ရွယ်ပြီး ဖွဲ့စည်းခဲ့ပါသည်။ ထိုအသင်းအဖွဲ့သည် မွန်ပြည်နယ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ငါးလုပ်ငန်း ဦးစီးဌာနများနှင့် အနီးကပ်လုပ်ဆောင်ပြီး ဒေသဆိုင်ရာအဆင့်တွင် ငါးလုပ်ငန်းစီမံခန့်ခွဲမှု စံနမူနာ တစ်ခုအဖြစ် ဂေဟစနစ်ဆိုင်ရာ ငါးလုပ်ငန်းစီမံခန့်ခွဲမှု လုပ်ဆောင်နိုင်သည့် ပထမဆုံး ပြည်နယ်ဖြစ်လာအောင် ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

ထိုမျှမကသေးဘဲ ထိုအသင်းအဖွဲ့မှ လူထုအသိ ပညာပေးခြင်းလုပ်ငန်းများနှင့် ၎င်းလုပ်ငန်းများ၏အကျိုး ကျေးဇူးများကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ဒေသတွင်း လူထုနားလည်နိုင်အောင် ဆက်လက်လုပ်ဆောင်သွား မည် ဖြစ်ပါသည်။

ရေးသားပြုစုသူ -

မင်းဉာဏ်စိုက် - Knowledge Management and Communication Officer/ Gulf of Mottama Project