နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့

IUCN သည် အစိုးရနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် သမဂ္ဂအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး အဖွဲ့ဝင်အဖွဲ့အစည်းပေါင်း ၁၄၀၀ ကျော်နှင့် ကျွမ်းကျင်ပညာရှင်ပေါင်း ၁၈၀၀၀ ကျော် တို့၏ အတွေ့အကြုံ၊ အရင်းအမြစ်နှင့် လက်လှမ်းမီမှုတို့ကို ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ ကျယ်ပြန့်များပြားစုံလင်လှသည့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်လောကနှင့် ၎င်းကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် ဆောင်ရွက်ချက်အခြေအနေ များနှင့်စပ်လျဉ်း၍ IUCN အား တစ်ကမ္ဘာလုံးက လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားပါသည်။