ဟဲဗီးတာံစ်မြန်မာ

ဟဲဗီးတာံစ်မြန်မာ

HELVETAS သည် သဘာဝပတ်ဝန်းကျင်မှရရှိမည့် သယံဇာတများကို ရေရှည်အကျိုးရှိရှိအသုံးပြု၍ အမျိုးသားနှင့် အမျိုးသမီးများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုံစိတ်ချစွာဖြင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကို ရွေးချယ်လုပ်ကိုင်နိုင်ရေးအတွက် ညီညွတ်မျှတမှုရှိသည့် ပတ်ဝန်းကျင် တစ်ရပ်ကို ဖန်တီးပေးရန် ရည်ရွယ်ပါသည်။ ၎င်းသည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည့် သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံတွင် အခြေစိုက်ကာ ဂျာမနီနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ HELVETAS သည် အာဖရိက၊ အာရှ၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတို့ရှိ ဖွံ့ဖြိုးတိုးတက်ဆဲနှင့် အပြောင်းအလဲများဆောင်ရွက်ဆဲနိုင်ငံပေါင်း ၃၀ ခန့်တွင်ရှိသည့် ဆင်းရဲနွမ်းပါးပြီး အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများ၊ အမျိုးသားများနှင့် ရပ်ရွာလူထုများအား ကူညီထောက်ပံ့ပေးလျက်ရှိ ပါသည်။

ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ HELVETAS သည် ဆင်းရဲနွမ်းပါးသူများအတွက် အကျိုးဖြစ်ထွန်းစေမည့် မူဘောင်များကို အားပေးထောက်ခံ၍ စီမံကိန်းများ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ပေးခြင်း၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များရယူခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်း ပေးလျက်ရှိသည်။ HELVETAS သည် ဤဆောင်ရွက်ချက် ၃ ရပ်ဖြင့် လူထုကို ခွန်အားဖြည့်ပေးကာ ၎င်းတို့၏ဘဝကိုလည်း တိုးတက်ပြောင်းလဲလာအောင် စွမ်းဆောင်ပေးလျက်ရှိပါသည်။ ထို့ပြင် အရပ် ဖက်လူမှုအဖွဲ့အစည်းများ၊ အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍတို့နှင့် ပေါင်းစပ်ချိတ်ဆက်၍လည်း ကဏ္ဍ ပေါင်းစုံမှ ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ချဉ်းကပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိပါသည်။

HELVETAS သည် ရေ၊ အစားအသောက်နှင့် ရာသီဉတု၊ ပညာရေး၊ အလုပ်အကိုင်နှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံအုပ်ချုပ်မှု၊ ကျားမရေးရာနှင့် လူမှုရေးရာ ညီညွတ်မျှတရေး ဟူသည့် လုပ်ငန်း နယ်ပယ် (၅)ရပ်တွင် တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ HELVETAS သည် အရေး ပေါ် ကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ကျေးလက်ဒေသများသာမက မြို့ပြဒေသများ ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင်လည်း တတပ်တအားပါဝင်လှုပ်ရှား၍ လူငယ်လူရွယ်အမျိုးသမီးနှင့် အမျိုးသား များအတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

ဆွစ်ဇာလန်နိုင်ငံတွင် HELVETAS သည် စည်းလုံးညီညွတ်ရေးလုပ်ငန်းကိုဆောင်ရွက်၍ ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။