Gulf of Mottama Management Plan (Burmese Version)

မုတ္တမပင်လယ်ကွေ့ (The Gulf of Mottama - GoM) သည် ကမ္ဘာပေါ်ရှိ အရေးပါဆုံးနှင့် တမူထူးခြားလှ သည့် ဒီရေအတက်အကျရှိရာ ရေဝပ်ဒေသများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ထို့ကြောင့် ဤဒေသကို ၂၀၁၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အရေးပါသော ရေဝပ်ဒေသ (ရမ်ဆာဒေသ/Ramsar site)တစ်ခုအဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ဒေသသည် အရေးပါသော သက်ရှိသတ္တဝါတို့ ရှင်သန်ကြီးထွား ရာ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် မျိုးစိတ်များ၊ စီးပွားရေးအရ အရေးပါသော ငါးလုပ်ငန်းများနှင့် ပင်လယ် ကွေ့ဒေသရှိ သဘာဝအရင်း အမြစ်များအပေါ် မှီခိုလုပ်ကိုင်ကြသော ဒေသနေပြည်သူများအတွက် နေအိမ်ဂေဟာ ကြီးတစ်ခု ဖြစ်ပေသည်။ အဆိုပါ အရင်းအမြစ်များနှင့် အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းများသည် ခြိမ်းခြောက် မှုအများအပြားနှင့် ရင်ဆိုင်နေရပါသည်။ ငါးသယံဇာတများမှာလည်း ကျဆင်းလျက်ရှိသလို ပင်လယ်ကွေ့ဒေသ သို့ လာရောက်သည့် ရွေ့ပြောင်းဆောင်းခိုငှက်များသည်လည်း ငှက်မုဆိုးများ၏ ဖမ်းဆီးသတ်ဖြတ်မှုကို ခံနေရပြီး ရှင်သန်ရာနေရာများမှာလည်း ပျောက်ဆုံးလာနေပါသည်။ ရပ်ရွာလူမှုအသိုက်အဝန်းများသည် အသက်မွေးဝမ်း ကြောင်းမှု အခွင့်အလမ်းများနှင့် ဝန်ဆောင်မှုများအား လက်လှမ်းမီမှု နည်းပါးနေပါသည်။ ပင်လယ်ကွေ့၏ အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် ဖြစ်ပွားနေသည့် ပြင်းထန်သော ပင်လယ်ရေတိုက်စားမှုများက စိုက်ပျိုးမြေများကို ပျက်စီးစေလျက်ရှိပြီး လူမှုအသိုက်အဝန်းများသည် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရပါသည်။

မုတ္တမပင်လယ်ကွေ့၏ သဘာဝသယံဇာတများကို ထိန်းသိမ်းကာကွယ်ရန်နှင့် ဒေသခံလူမှုအသိုက်အ ဝန်းများ၏ လူနေမှုဘဝအဆင်ပြေသာယာရေးအတွက် ထိုဒေသ၏ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ဂေဟစနစ်များ၊ အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းများနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တို့ကို ထည့်သွင်းစဉ်းစား ကိုင်တွယ်ဆောင် ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရသည် မုတ္တမပင်လယ်ကွေ့ဒေသအား စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ရန် အရေးကြီးပုံကို လက်ခံအသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။ အလားတူပင် မွန်ပြည်နယ်အစိုးရနှင့် ပဲခူးတိုင်းဒေ သကြီးအစိုးရများ၊ ကမ်းရိုးတန်းတစ်လျှောက်မှ လူမှုအသိုက်အဝန်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည် တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း များစွာစိတ်ဝင်စားလျက် ရှိကြပါသည်။ ယင်းသည် မုတ္တမပင် လယ်ကွေ့ဒေသအတွက် ထိရောက်သော သဘာဝသယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းစဉ်တစ်ခု တည်ထောင်နိုင်ရန် အရေးပါသော အခွင့်အလမ်းတစ်ခုပင် ဖြစ်ပါသည်။

မုတ္တမပင်လယ်ကွေ့ကမ်းရိုးတန်းဒေသ သဘာဝသယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်သည် ပင်လယ်ကွေ့၏ ကမ်းရိုးတန်းသယံဇာတများကို ရေရှည်စီမံခန့်ခွဲအုပ်ချုပ်သွားရန်အတွက် မူဘောင်တစ်ခု ဖြစ်ပါသည်။ ဤစီမံ ခန့်ခွဲမှု လုပ်ငန်းစဉ်၏ အနာဂတ်မျှော်မှန်းချက်မှာ မုတ္တမပင်လယ်ကွေ့ဒေသ၏ တမူထူးခြားသည့် ဇီဝမျိုးစုံမျိုးကွဲများ အား ထိန်းသိမ်းစောင့်ရှောက်ပြီး ထာဝစဉ် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ၄င်းတို့အပေါ် မှီခိုနေရသော လူသားတို့သည် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ပါသည်။ အဆိုပါ မျှော်မှန်းချက် ပြည့်မီရေးအတွက် ဆောင်ရွက်ရာတွင် အပြန် အလှန်ချိတ်ဆက်နေသော အောက်ပါရလဒ် (၃) ခုသည် လမ်းညွှန်မှုပေးသော မျှော်မှန်းရလဒ်များ ဖြစ်ပါသည်။

  • (၁) လူမှုအသိုက်အဝန်းများ၏ ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ပေးရန် အတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အာမခံချက်ရှိရန်နှင့် လုပ်ငန်းအမျိုးမျိုး တိုးချဲ့လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊
  • (၂) ကမ်းရိုးတန်းဒေသ သဘာဝသယံဇာတများကို ရေရှည်တည်တံ့စေသော နည်းလမ်း ဖြင့် အသုံးပြုပြီး ကောင်းမွန်စွာ စီမံခန့်ခွဲအုပ်ချုပ်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်း သိမ်းစောင့်ရှောက်ခြင်း။
  • (၃) ကမ်းရိုးတန်း သဘာဝသယံဇာတစီမံခန့်ခွဲမှု လုပ်ငန်းစဉ်အား ထိရောက်မှုရှိစေရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး မုတ္တမပင်လယ်ကွေ့ဒေသ၏ တန်ဖိုးကို နားလည်သိရှိ မှုများ မြင့်မားလာစေခြင်း။

 

Published By: 

Gulf of Mottama Project

Published Date: 

January 2020
PDF icon Download PDF (2.24 MB)