အတန်းပညာရေးမှာဆုံးခန်းတိုင် အောင် ဆက်လက်မသင်ကြားနိုင်ခဲ့သော အရွယ်ရောက်လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ချက်ဖြင့် မုတ္တမပင်လယ်ကွေ့စီမံချက်မှ အလှပြင်သင် တန်း၊ စက်ချုပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင် တန်းနှင့် ဆံပင်ညှပ်သင်တန်းများအား တက်ရောက်နိုင်ရန် ၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်ကာ ကူညီပံ့ပိုးပေးလျှက်ရှိပါသည်။
ထိုသင်တန်းများသည် အခြေခံ အဆင့်သင်တန်းများဖြစ်သော်လည်း လုပ် ငန်းခွင် ဝင်ရောက်လုပ်ကိုင်သည့်အချိန်တွင် မြန်မာနိုင်ငံမှ သက်မှတ်ထားသော အခြေခံ လုပ်အားခ ၄၆ဝဝ ကျပ်ကို ရ ရှိနိုင်မည်ဖြစ် သည်။ ကျွမ်းကျင်မှုဆိုင်ရာ တာဝန်ခံ မခိုင် ခိုင် ဉီးမှ “ကျမတို့က သင်တန်းမစခင်မှာ သင်တန်း ဆရာတွေနဲ့ စာချုပ် ချုပ်က တည်းက သင်တန်းသားတွေ သင်တန်း ပြီးသွားရင် လုပ်အားခ ၄၆ဝဝကျပ် ရရှိရမယ်ဆိုတဲ့အချက်ကိုပါ ထည့်ချုပ် ထားတယ်”ဟု ပြောပြခဲ့ပါတယ်။
သင်တန်းသားများသည် မတူကွဲပြားသော နယ်ပယ်အသီးသီးမှ လာရောက်ကြသူများဖြစ်ကြပြီး မပြည့်စုံ သော မိသားစုများဝင်များလည်း ဖြစ်ကြပါ သည်။ အချို့သောသူများမှာ ငွေကြေးမလုံ လောက်၍ သူများထံမှချေးငှားကာ သင် တန်းလာတက်သူများဖြစ်ကြသလို အချို့မှာ မိသားစုရဲ့ခွင့်မပြုသည့်ကြားမှ တက်ရောက်ရ သည့်သူများလည်းရှိပါသည်။
ရွာလွတ်ကျေးရွာ၊ ရွာသစ်အပိုင်း တွင်နေထိုင်သော မသန်းသန်းဝင်းမှာ သင် တန်းတက်ရောက်ခွင့် ရရှိရန်အတွက် သူမ ဖြတ်သန်းခဲ့ရပုံများကို “ကျမကအလှပြင် သင်တန်းကိုအရမ်းတက်ချင်တယ် ကိုယ်က ပညာရေးမှာ ဆုံးခန်းတိုင်အောင်မသင်ခဲ့ရ တော့ အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခု တက်ထားမှ ဘဝရပ်တည်နိုင်မယ်လို့ ခံယူထားတဲ့အတွက်ကြောင့်ပါ သင်တန်း တက်ဖို့ ပိုက်ဆံမလောက်လို့ သူများဆီက ချေးတာရော၊ ကောက်စိုက်အငှားလိုက် တာရော လုပ်ခဲ့ရသေးတယ်”ဟု သူမက ပြောပြပါသည်။ ထို့ကြောင့် သူမ၏ရည်မှန်း ချက်အတိုင်း အသက်မွေးဝမ်းကြောင်းပညာ ရပ်တစ်ခုကို ကြိုးစားသင်ယူခဲ့သူလည်း ဖြစ်ပါသည်။
ယခုအခါ သူမ၏ကိုယ်ပိုင်ဆိုင်ခန်း လေးတစ်ခုကို ဖွင့်လှစ်နိုင်နေပြီဖြစ်သည်။ သို့သော် ထိုသို့ဖွင့်လှစ်ရန်မှာ လွယ်ကူခဲ့ သည်တော့ မဟုတ်ပေ။ ရွာမှာရှိတဲအလုပ် တွေ ကောက်စိုက်အချိန်ဆို ကောက်စိုက် တယ် ရရာအလုပ်ကိုလုပ်တယ် အဲဒါကနေ ရတဲ့ပိုက်ဆံတွေစုပြီး ဆိုင်ခန်းကို မဖြစ်ဖြစ် အောင် ဖွင့်လိုက်တယ်။ ယခုဆို ဒီဆိုင်ကရ တဲ့ဝင်ငွေနဲ့ပဲ အဖေရယ် အမေရယ် ကျမရယ် သုံးယောက်လုံးက စားဝတ်နေရေးအတွက် အဓိကမှီခိုနေရတယ်ဟု ပြောပြပါသည်။
မိဘတွေကခွင့်မပြုသော်လည်း မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လျှောက် လှမ်းခဲ့သူတစ် ဉီးကလည်း ရှိပါတယ်။ သူက တော့ ကိုပြည့်ဖြိုးမောင်ပါ။ ယောကျာ်းလေး ဖြစ်လို့ အလှပြင်သင်တန်း တက်ခွင့်အတွက် မိဘတွေကခွင့်မပြုခဲ့လို့ ကိုယ်တိုင်အပြင်မှာ အလုပ်လုပ်ပိုက်ဆံစုပြီး သင်တန်းတက်ခဲ့ရပုံ များကို ကိုပြည့်ဖြိုးမောင်မှ “ဒီသင်တန်းကို တက်ဖို့ အိမ်ကခွင့်မပြုခဲ့ဘူး ယောကျာ်းလေး ဖြစ်နေလို့ အိမ်ကလက်မခံနိုင်တာပေါ့နော် ပိုက်ဆံလည်းမရှိတော့ အပြင်မှာအလုပ်လုပ် ပြီး ငွေစုခဲ့ရတယ် ကျနော်လည်း ဂရုမစိုက် တော့ပဲ ကိုဖြစ်ချင်တာကိုရအောင်လုပ်ခဲ့တယ် အခုချိန်မှာတော့ အိမ်ကလည်းနားလည် သွားပါပြီ”ဟု ပြောပြခဲ့ပါသည်။ မသန်းသန်း ဝင်းနှင့်ကိုပြည့်ဖြိုးမောင်တို့မှာ သူငယ်ချင်း များဖြစ်ကြပြီး မပြည့်စုံတဲ့ဘဝချင်းလည်း တူသလို ရုန်းကန်ခဲ့ရတာချင်းလည်း တူခဲ့ကြ ပါတယ်။
အရည်အချင်းပြည့်ဝသော သင် တန်းသားများကို မွေးထုတ်ပေးနိုင်ရန်အ တွက် ကျွမ်းကျင်သော သင်တန်းဆရာများကို ရွေးချယ်ခန့်ထားရသည်မှာ လွယ်ကူသည် တော့မဟုတ်ပေ။ မခိုင်ခိုင် ဉီး ကျွမ်းကျင်မှု ဆိုင်ရာတာဝန်ခံမှ ပြောပြရာတွင် “သင်တန်း ဆရာတစ်ယောက်ဖြစ်ဖို့အတွက် စီမံကိန်းက ပေးတဲ့ သင်တန်းလေးခုကို တက်ရတယ် အဲ့သင်တန်းလေးခုကိုအောင်မှ သင်တန်း ဆင်းလက်မှတ်ရပြီး သင်တန်းဆရာဖြစ်ခွင့် ရှိတယ် ဘာကြောင့်လည်းဆိုရင် ဒီသင်တန်း ကအရမ်းကိုအသေးစိတ်ကျပြီး အမှတ်ပေး စည်းမျ ဉ်းတွေကိုလည်း သိဖို့လိုတဲ့အတွက် ကြောင့်မို့ ဖြစ်ပါတယ်”လို့ သေချာစွာ ရှင်းပြ ပေးပါတယ်။ တပည့်သားသမီးတွေအပေါ်မှာ စေတနာထား အနစ်နာခံကာ တတ်သည့် ပညာများကို ပြန်လည်မျှဝေပေးတဲ့ဆရာ တွေလည်း များစွာရှိကြပါတယ်။ ၄င်းတို့ အထဲတွင် ဒေါ်စန္ဒာထွန်းလည်း တစ် ဉီးအပါ အဝင်ဖြစ်ပါတယ်။ သူမကတော့ ငွေကြေး ချို့တဲ့သည့် သင်တန်းသားတွေကို နေရာ ထိုင်ခင်းစီစ ဉ်ပေးပြီး အဆောင်လခ မယူတာ မျိုးလည်းရှိခဲ့ပါတယ်။ သူမပြောပြပုံမှာ “ကျမ က မပြည့်စုံတဲ့ကလေးတွေကို ပိုပြီးတော့ တက်စေချင်တယ် သူတို့မှာ ငွေကြေးက လည်း မပြည့်စုံဘူး စီမံကိန်းကသင်တန်းကြေး ထောက်ပံ့ပေးတာနဲ့ အခွင့်ကြုံတုန်းလေး ဒီပညာကိုရသွားစေချင်တာ ဒါကြောင့် အဆောင်ခမတက်နိုင်တဲ့ကလေးတွေကို အဆောင်ခမယူပဲတက်နိုင်သလောက် စီစ ဉ်ပေးတာလည်းရှိတယ်”ဟု ပြောပြပါ သည်။ သို့သော် သင်တန်းသားတွေကို ထိန်းသိမ်းရတာလည်း လွယ်ကူသည်တော့မဟုတ်ပေ။ ထို့ကြောင့် သင်တန်းဆရာတစ် ဉီးဖြစ်သည့် ကိုအာကာမှလည်း “သင်တန်း သားတွေက ထိန်းရခက်တယ်။ သူတို့ကို စိတ်ဝင်စားအောင် စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးရတယ်။ ပြီးတော့ သင်တန်းသား ဘက်ကသင်ချင်တာတွေကို တောင်းဆိုလာ တာမျိုးလည်းရှိတယ် အဲ့ဒါတွေကိုလည်း ကိုယ့်ဘက်ကအဆင်ပြေအောင် သင်ပေးရ တာမျိုးလည်း ရှိတာပေါ့”ဟု သင်တန်းတက် နေစ ဉ် ကြုံတွေ့ရသည့် အခက်အခဲများ အကြောင်းကိုလည်း ပြောပြခဲ့ပါသည်။
အလှအပဆိုင်ရာအခြေခံသင်တန်း တွင် တက်ရောက်လာကြသော သင်တန်း သားများမှာ အလွှာအသီးသီးမှ ရောက်ရှိ လာသူများဖြစ်ကြသည်။ အချို့သောသူများ မှာ မိဘကထောက်ပံ့ပေးနိုင်သောကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ကြသလို အချို့ ကလည်း အခြားသောဆိုင်ကြီးများတွင် ဝန် ထမ်းအဖြစ်ဝင်ရောက် လုပ်ကိုင်လျှက်ရှိ ကြသည်။
သားသမီးများကို အတက်ပညာ တစ်ခုခုဖြင့် ရပ်တည်နိုင်စေရန်အတွက် မပြည့် စုံသော်လည်း ဖြည့်ဆည်းပေးကြသော မိဘ များလည်းရှိသည်။ မဆုပြည့်ဝေ၏ မိခင်ဖြစ် သူသည် ဟင်းသီးဟင်းရွက်ရောင်းသူတစ် ဉီးဖြစ်ပြီး သားသမီးတို့ရဲ့အပေါ် မလစ်ဟင်းရ အောင်လည်း လုပ်ဆောင်နေရသူဖြစ်သည်။ မဆုပြည့်ဝေ သင်တန်းတက်ခွင့်ရခဲ့သည်မှာ “အမေကစျေးမှာ စျေးရောင်းနေတုန်း အလှ ပြင်အခြေခံသင်တန်းအတွက် မုတ္တမပင်လယ် ကွေ့စီမံချက်ရဲ့ပံ့ပိုးမှုနဲ့ သင်တန်းသားတွေခေါ် နေတယ်လို့ သတင်းကြားခဲ့တယ် အဲ့ဒါနဲ့ ညီမကိုတက်ဖို့အတွက် အမေကပြောတော့ ကိုလည်းဝါသနာပါတာနဲ့ လျှောက်ဖြစ်သွား တယ်”ဟု သူမကပြန်လည်ပြောပြခဲ့ပါသည်။ အလှပြင်အခြေခံသင်တန်းကို တက်ရောက် ကြသူများသည် အများအားဖြင့် မပြည့်စုံ သည့်မိသားစုဘဝမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ အချို့သော သူများ၏မိဘများ မှာ ရေလုပ်ငန်းကိုလုပ်ကိုင်နေကြသောသူများ ဖြစ်ကြပါသည်။ ထိုသို့သောဘဝများထဲတွင် သင်တန်းသူတစ် ဉီးဖြစ်သူ မမေဘရနီလည်း အပါအဝင်ဖြစ်ပါသည်။ သူမကတော့ အချိန်မ တန်ခင် ကျောင်းထွက်ခဲ့ရပြီး ကြုံရာအလုပ် ကို လုပ်ကိုင်ကာ မိဘများကိုဝိုင်းဝန်းကူညီနေ သော သူတစ် ဉီးဖြစ်ပါသည်။ သို့သော်လည်း အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုသင် ယူရန် ဆန္ဒရှိသည့်အလျှောက် မုတ္တမပင်လယ် ကွေ့စီမံချက်၏ စီစ ဉ်ပံ့ပိုးမှုကြောင့် ထိုအခွင့် အရေးကိုရရှိခဲ့သူဖြစ်ပါသည်။ ယခုအချိန်မှာ တော့ သူမလည်း ထိုအသက်မွေးဝမ်းကျောင်း ပညာရပ်ဖြင့် လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင် နေပြီဖြစ်ပါသည်။
မုတ္တမပင်လယ်ကွေ့စီမံချက်သည် အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်း များကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်ခဲ့ပြီး ယခုအချိန်အထိ သင်တန်းဆင်းပြီး လုပ်ငန်း ခွင်ဝင်ရောက်လုပ်ကိုင်နေသူ ၇၇၆ ဉီးအထိ ရှိနေပြီး ဖြစ်ပါသည်။ အများစုမှာ အရွယ်မ တိုင်ခင် အတန်းပညာ ဆက်လက်မသင် ကြားနိုင်ပဲ ကြုံရာအလုပ်ကိုလုပ်ကိုင်ကာ ရုန်းကန်ခဲ့ရသူ များဖြစ်ပါသည်။ မုတ္တမပင် လယ်ကွေ့စီမံချက် သည် စီမံကိန်းကာလ အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ လူ့စွမ်းအားအရင်း အမြစ် ဖွံဖြိုးတိုးတက်ရေးသာမက သဘာဝ အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို လည်း ဒေသတွင်းအစိုးရနှင့် ပူးပေါင်းကာ ဆောင်ရွက်လျှက်ရှိပါသည်။