ပြောင်းလဲမှုအတွက်ရှေ့သို့ဆက်

ပြောင်းလဲမှုအတွက်ရှေ့သို့ဆက်

မုတ္တမပင်လယ်ကွေ့စီမံကိန်းသည် ကမ်းရိုးတမ်းဒေသရှိတောင်သူများ မျိုး ကောင်းမျိုးသန့်များကို မိမိတို့ကျေးရွာ များတွင် အလွယ်တကူ ရရှိစိုက်ပျိုးနိုင်ခြင်း ဖြင့် သီးနှံအထွက်တိုးတက်လာစေရန်နှင့် ထုတ်ကုန်များ အရည်အသွေးတိုးတက်လာ စေပြီး မိသားစုအပိုဝင်ငွေ ရရှိလာစေရန် ရည်ရွယ်ပြီး မျိုးစေ့ဘဏ်စနစ်ကို ကျေးရွာ များတွင် ထူထောင်နိုင်ရန် ပံ့ပိုးပေးခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့စီမံကိန်းမှ မွန် ပြည်နယ် ပေါင်၊ ချောင်းဆုံ၊ သထုံ၊ ဘီးလင်း နှင့် ကျိုက်ထိုမြို့နယ်များမှ စီမံကိန်းဝင် ကျေးရွာပေါင်း ၂၅ နှင့် ပဲခူးတိုင်းဒေသကြီး ဝေါ၊ သနပ္ပင်နှင့် ကဝမြို့နယ်များမှ စီမံကိန်း ဝင်ကျေးရွာပေါင်း ၁၇ ကျေးရွာတွင် မျိုးစေ့ ဘဏ်များ ထူထောင်ပေးခဲ့ပါသည်။ မျိုးစေ့ ဘဏ်များမှ မိုးရာသီအတွက် စပါးကိုလည်း ကောင်း၊ ဆောင်းရာသီအတွက် ပဲတီစိမ်းနှင့် သက်တမ်းတို စပါးများကိုလည်းကောင်း တောင်သူများကို ထုတ်ချေးပေးလျှက် ရှိပါ သည်။ ကိုဗစ် ၁၉ ကာလ၊ ၂၀၂၀ မိုးရာသီ တွင် ကျေးရွာပေါင်း ၄၂ ကျေးရွာမှ မျိုးစေ့ ဘဏ်များမှ တောင်သူပေါင်း ၅၇၃ ဉီးကို စပါးတင်းပေါင်း ၂၅၅၁၏၅ ထုတ်ချေးပေးခဲ့ပါ သည်။

ရေရှည်တည်တံ့သော စပါးစိုက်ပျိုး နည်းစနစ် (Sustainable Rice Production) များကို တောင်သူများ လိုက်နာကျင့်သုံးလာနိုင်စေ ရန်အတွက် ၂၀၂၀ ခုနှစ် မိုးရာသီတွင် ကျေးရွာပေါင်း ၂၂ ရွာမှ စံပြတောင်သူပေါင်း ၁၀၇ ဉီးအတွက် မုတ္တမပင်လယ်ကွေ့စီမံ ကိန်းမှ ကမ်းရိုးတန်းဒေသ တောင်သူလယ် သမား ဖွံ့ဖြိုးရေးအဖွဲ့များမှတစ်ဆင့် တစ်ဧကလျှင် မျိုးစပါး (CS) ၂ တင်းနှုန်း၊ ကျောက် မူန့် ၂ အိတ်၊ ယူရီးယား ၁ အိတ်၊ ပိုတက် အိတ်ဝက်နှင့် ကွန်ပေါင်း ၁ အိတ်နှုန်း တောင်သူပေါင်း ၁၀၇ ဉီး၊ စိုက်ဧက ၂၈၅ ဧကအတွက် သွင်းအားစုများကို ပံ့ပိုးပေး ခဲ့ပါသည်။ ထို့ပြင် နည်းပညာများ အချိန်မှီ ရရှိပြီး လိုက်နာကျင့်သုံးနိုင်ရန် တောင်သူ ပညာပေး ဆွေးနွေးပွဲများကိုလည်း ကမ်းရိုး တန်းဒေသ တောင်သူလယ်သမား ဖွံ့ဖြိုးရေး အဖွဲ့များနှင့် ပူးပေါင်းပြီး ကျင်းပခဲ့ပါသည်။ ထွက်ရှိလာမည့် စပါးများကိုလည်း သက်ဆိုင် ရာကုန်သည်ပွဲစားများနှင့် ချိတ်ဆက်ရောင်း ချနိုင်ရန် ကမ်းရိုးတန်းဒေသ တောင်သူလယ် သမား ဖွံ့ဖြိုးရေးအဖွဲ့များမှ တာဝန်ယူဆောင် ရွက်မည် ဖြစ်ပါသည်။

ပြောင်းလဲလာသည့် ရာသီဉတု နှင့်အညီ လိုက်လျှောညီထွေမူရှိစေရန်နှင့် တောင်သူများ မျိုးကောင်းမျိုးသန့်များ အလွယ်တကူ ရရှိ စိုက်ပျိုးနိုင်စေရန်အတွက် ကမ်းရိုးတန်းဒေသ တောင်သူလယ်သမား ဖွံ့ဖြိုးရေး အဖွဲ့များမှ သက်တမ်းတို အထွက် ကောင်းစပါးများ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန် စီမံကိန်းမှ ပံ့ပိုးပေးခဲ့ပါသည်။

ယခုနှစ်မိုးရာသီတွင် ကမ်းရိုးတန်း ဒေသ တောင်သူလယ်သမား ဖွံ့ဖြိုးရေးအဖွဲ့ များမှ စပါးမျိုးကောင်းမျိုးသန့် RS to CS များ ထုတ်လုပ်ပြီး ဒေသတောင်သူများကို သင့်တော်သည့် စျေးနှုန်းဖြင့် ပြန်လည် ဖြန့်ဖြူးနိုင်ရန်အတွက် တောင်သူ ၂၈ ဉီးမှ စပါးမျိုး စေ့ထုတ်ဧက ၆၅ ဧကအတွက် မျိုး၊ မြေသြဇာများနှင့် စိုက်စရိတ်များကို စီမံ ကိန်းမှ ကမ်းရိုးတန်းဒေသ တောင်သူလယ် သမား ဖွံ့ဖြိုးရေးအဖွဲ့များမှတစ်ဆင့် တောင် သူများ တစ်နိုင်တစ်ပိုင် မျိုးစေ့ထုတ်လုပ်နိုင် ရန် ပံ့ပိုးပေးခဲ့ပါသည်။

စီမံကိန်း မစတင်မှီအချိန်ကာလ တွင် ကျေးရွာများတွင် မျိုးစေ့ဘဏ်စနစ်များ မရှိခဲ့သော်လည်း ယခုအခါ မျိုးစေ့ဘဏ်စနစ် များ ပေါ်ပေါက်လာပြီး တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ အစားထိုး၍ စိုက်ပျိုး လာနိုင်ကြပြီ ဖြစ်ပါသည်။ ယခင်က ကျေးရွာ များတွင် မျိုးစေ့ထုတ်တောင်သူများ မရှိခဲ့ သော်လည်း ယခုအခါ တစ်ရွာလျှင် ၂ ဉီးနှုန်း မျိုးစေ့ထုတ် တောင်သူများ ပေါ်ထွက်လာပြီး မျိုးစေ့များကို ထုတ်လုပ်ရောင်းချနေကြပါ သည်။

စီမံကိန်းမှ ပံ့ပိုးကူညီမှု၊ တောင် သူများမှ ပြောင်းလဲလိုမှု ကမ်းရိုးတန်းဒေသ တောင်သူ လယ်သမား ဖွံ့ဖြိုးရေးအဖွဲ့များမှ ဉီးဆောင်မှုတို့ဖြင့် စီမံကိန်းဝင်ကျေးရွာများမှ တောင် သူများသည် သဘာဝပတ်ဝန်း ကျင်ကိုလည်း ထိခိုက်မှုနည်းပြီး သီးနှံအ ထွက်တိုးအောင် ဆောင်ရွက်လာနိုင်ကြပြီး ဖြစ်ပါသည်။ ဆက်လက်ပြီး ရေရှည်တည် တံ့သော စပါးစိုက်ပျိုးနည်းများကို လိုက်နာ ကျင့်သုံးပြီး ဆောင်ရွက်ကြမည်ဆိုလျှင် တောင်သူများ အနေဖြင့် ပိုမိုအကျိုးကျေးဇူး ရရှိလာနိုင်မည်ဟု မျှော်လင့်မိပါသည်။