ငါးနှင့်စပါးတွဲဖက်မွေးမြူခြင်းကို လွန်ခဲ့သည့်နှစ်ပေါင်း၂၀၀၀ ခန့်ကပင် တရုတ်ပြည်မှစတင်လုပ်ကိုင်ခဲ့ပြီး ထိုမှတဆင့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယနှင့် ကမ္ဘာတစ်လွှားရှိအခြားနိုင်ငံများသို့ ပြန့်နှံ့ရောက်ရှိခဲ့ပါသည်။ မြန်မာပြည်တွင်လည်း လယ်သမားများသည် စပါးစိုက်ပျိုးသည့်လယ်ကွင်းများ ရေနည်း၊ ရေလျှော့ချိန်တွင် ကန်သင်းဘောင်များ၌ ရိုးရာငါးဖမ်းကိရိယာ များဖြင့် လယ်ကွင်းအတွင်းဝင်ရောက်နေသော အထူးသဖြင့်ရေချိုငါးမျိုးစိတ်အားဖမ်းယူကြပြီး မိသားစုစားသုံးရန်၊ ထိုမှတ ဆင့်ပိုလျှံသည်များအားရောင်းချခြင်းဖြင့် ဝင်ငွေတစ်စိတ်တပိုင်းရရှိလာကြပါသည်။ “စပါးကရွှေ ငါးကငွေ၊ လယ်ယာသားငါး ပြည့်စီးပွါး” ဟူသောဆောင်ပုဒ်အတိုင်း စပါးစိုက်ခင်းများအတွင်းငါးသားပေါက်များထည့်သွင်းမွေးမြူကြခြင်းကို လုပ်ကိုင်ခဲ့ကြပါ သော်လည်း မြန်မာပြည်အတွင်း၌ စနစ်တကျဖြင့်လုပ်ကိုင်မှုမှာနည်းပါးလှပါသေးသည်။ ၎င်းနည်းစနစ်သည် စပါးစိုက်ခင်းဧရိယာ တစ်ခုတွင်းမှာပင် လူသားတို့အတွက် ရိက္ခာအဖြစ် စပါး(ဆန်) နှင့် အသားဓါတ်ပံ့ပိုးပေးသည့် အဟာရအဖြစ်(ငါး) ကိုပါတစ်ချိန် တည်းတစ်ပြိုင်တည်းရရှိနိုင်သည့်အတွက် ကျေးလက်ဒေသနေလူထုအတွက်ကို များစွာအထောက်အကူဖြစ်စေ ပါသည်။ အနောက်ဥရောပနိုင်ငံများထက် မြန်မာနိုင်ငံနည်းတူ ဆန်စားသုံးသောနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနိုင်ငံ၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံနှင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင် စသည့်နိုင်ငံများတွင် စပါးခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို လယ်သမားများ ကိုယ်တိုင်နည်းစနစ်ကျစွာဖြင့် တွင်ကျယ်စွာ လုပ်ကိုင်နေ ကြပြီးဖြစ်ပါသည်။
- စပါးခင်း ဓါတုဗေဒဖြစ်စဉ်
ကမ္ဘာလုံးဆိုင်ရာ လူဉီးရေလျှင်မြန်စွာတိုးပွားလာခြင်းသည် အစာရေစာလိုအပ်မှု၊ အဟာရချို့တဲ့ခြင်း၊ ရေ(ဆည်မြောင်း) နှင့် လယ်ယာမြေအသုံးချမှုများအကန့်အသတ်ဖြစ်လာခြင်းတို့အပြင် ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေးများယိုယွင်းပျက်စီးလာမှု အစရှိသည့် စိန်ခေါ်မှုများကို ဖြစ်ပေါ်လာစေပါသည်။ အကြမ်းဖျဉ်းအားဖြင့် ကမ္ဘာ့လူဉီးရေ၏ ၅၀% သည် ဆန်အား အဓိကအစာ အဖြစ်စားသုံးကြပါသည်။
တစ်ချိန်တည်းမှာပင် သိပ္ပံပညာရှင်များ၏ သုတေသနရလာဒ်များမှ ဖေါ်ပြနေသည်မှာ လယ်ယာကုန်ထုတ်လုပ်မှုလုပ်ငန်း များမှ အဓိကထုတ်လွှတ်သည့် ဓါတ်ငွေ့များမှာ အများသိကြသည့် အစိမ်းရောင်ဖန်လုံအိမ်ဓါတ်ငွေ့(Greenhouse Gas/GHGs) ဖြစ်သည့် မီသိန်းဓါတ်ငွေ့(CH4) နှင့် နိုက်တရိုက်အောက်ဆိုဒ်(N2O) တို့ဖြစ်ကြပါသည်။ အဆိုပါဓါတ်ငွေ့များသည် သက်ရှိအစုအဝေးများ၊ အပင်အကျွင်းအကျန်များနှင့်အောက်ဆီဂျင်ကင်းမဲ့သည့် မြေဆီလွှာရှိ သက်ရှိဩဇာများ၏ဆင့် ကဲဖြစ်စဉ်တို့ပေါ်တွင်မူတည်နေပါသည်။ ကမ္ဘာ့လေထုအတွင်း၌ရှိနေသော ၁၀ မှ ၂၀ % မီသိန်းဓါတ်ငွေ့များသည် စပါးခင်း များ(Paddy Fields)မှထုတ်လွှတ်လျှက်ရှိသည်ကို သိပ္ပံပညာရှင်များမှအတည်ပြုပြီးဖြစ်ပါသည်။ ၎င်းအချက်သည် ကမ္ဘာကြီးပူ နွေးမှုဖြစ်စဉ်(the Global Warming Potential/GWP) နှင့်နီးစပ်စွာဆက်စပ်နေပြီး မီသိန်း ဓါတ်ငွေ့သည် စက်ရုံအလုပ်ရုံများနှင့်မော်တော်ယာဉ်များမှ ထုတ်လုပ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏထက် ၂၅ ဆပိုမိုများ ပျားနေပါသည်။ တနည်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲလာမှု(Global Climate Change) သည် လယ်ယာထုတ် လုပ်မှုလုပ်ငန်းများပေါ်တွင်တိုက်ရိုက်သက်ရောက်လာနေပြီဖြစ်ပါသည်။ အလားတူစိုက်ပျိုးရေးသုံးပိုးသတ်ဆေးများပိုမိုသုံးစွဲလာ ခြင်းသည်လည်း မြေဆီလွှာများ၏ အရည်အသွေး(Soil Quaility)ကိုယုတ်လျှော့လာစေပါသည်။
အဆိုပါအချက်များကြောင့် ဆန်စပါးထုတ်လုပ်မှုနည်းစနစ်နှင့်စီမံခန့်ခွဲမှုများအား ပိုမိုကောင်းမွန်တိုးတက်လာရန်အတွက် ဖြေရှင်းနည်းစနစ်များလိုအပ်လာပါသည်။ စပါး-ငါးတွဲဖက်မွေးမြူခြင်းသည် ကမ္ဘာတဝှမ်းတမူထူးခြားသည့် မြေယာနှင့်ရေအသုံး ချမှုဖြစ်စဉ်များတွင်ပါဝင်လာပြီး အထူးသဖြင့် အာရှအပူပိုင်းဒေသများနှင့်သမပိုင်းဇုံ ဒေသများတွင်ဖြစ်ကြပါသည်။
- စပါး-ငါးတွဲဖက်မွေးမြူခြင်း၏ ဇီဝဓါတုဗေဒဖြစ်စဉ် (Bio-Chemical process in Rice Fish pond)
စပါး-ငါးတွဲဖက်မွေးမြူခြင်းတွင် ဥပမာအားဖြင့် အောက်ခြေနေငါးမျိုးစိတ်များဖြစ်ကြသည့် ပုစွန်နှင့်ငါးကြင်းအုပ်စုဝင် ငါးများ၏ လှုပ်ရှားမှု(Swimming)နှင့်အစာရှာဖွေစားသောက်မှု(searching for food)တို့သည် ရေထုနှင့်မြေဆီလွှာကို ပြောင်းလဲမှုဖြစ်စေပါသည်။ ဆိုလိုသည်မှာ မီသိန်းနှင့်အခြားမလိုလားအပ်သည့်ဓါတုဗေဒဖြစ်စဉ်ဖြစ်ပေါ်မှုတို့ကို အတိုင်းအ
တာတစ်ခုထိပျက်ပျားစေပါသည်။ သုတေသနရလာဒ်တစ်ခုအရ စပါး-ငါးတွဲဖက်မွေးမြူခြင်းရှိ မီသိန်းဓါတ်ငွေ့ထွက်ပေါ်မှု သည် စပါးတစ်မျိုးတည်းစိုက်ပျိုးခြင်းမှာထက် ၃၄.၆% နည်းပါးသည်ဟုသိရှိရပါသည်။ အလားတူ စပါးပင်အခြေများတွင်ကပ် ငြိနေကြသည့် အင်းဆက်ပိုးမွှားများကို ငါးများကစားသုံးခြင်း၊ စပါးစိုက်ပျိုးကာလတစ်လျှောက် ငါးများ၏ မစင်စွန့်ခြင်းမှတ ဆင့် သဘာဝအစာဖြစ်သည့် အပင်မျှော လှေးများ(phytoplankton)နှင့် မြေဆီလွှာအတွက်သဘာဝမြေဩဇာတို့ကိုလည်း ပြန်လည်ဖြည့်တင်းပေးပါသည်။ စပါး-ငါးတွဲဖက်မွေးမြူခြင်းအား စနစ်တကျပြုလုပ်မည်ဆိုပါက ပိုးသတ်ဆေးနှင့် ပြင်ပဖြည့် စွက် ဓါတ်မြေဩဇာသုံးစွဲမှုတို့ကို စပါးသီးသန့်စိုက်ပျိုးခြင်းထက် လျှော့ချနိုင်ပြီး လယ်သမားများအား ရင်းနှီးမတည်မှု သက် သာစေသည့်အတွက် ငွေကြေးအရ အကျိုးအမြတ်ပိုမိုရရှိနိုင်ပါသည်။ ဘဂ်လားဒေ့ရှ်နိုင်ငံ စပါးငါး သုတေသနအစီရင်ခံစာ တစ်ခုအရ အသားတင်အမြတ်ငွေမှာ စပါးတစ်မျိုးတည်းစိုက်ပျိုးခြင်းကထက် ၅၀% ပိုမိုရရှိသည်ဟုဖေါ်ပြထားပါသည်။
- စပါး-ငါးတွဲဖက်မွေးမြူခြင်း၏ကောင်းကျိုးနှင့်အားနည်းချက်များ
စပါးခင်းတစ်ခုအတွင်း ငါး/ပုစွန်များထည့်သွင်း၍ ရောနှောမွေးမြူခြင်း(an integrated rice field) ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံများတွင်မူ စပါး-ငါးမွေးမြူခြင်းအား သွင်းအားစုလျှော့ချပြီး အကျိုးအမြတ် ပိုမိုရရှိစေရန်ကို အဓိကရည်ရွယ် ချက်အဖြစ် ထားရှိပြီး လုပ်ကိုင်ကြပါသည်။ ဘဂ်လားဒေရှ့်နိုင်ငံတွင် ငါးမွေးကန်သီးသန့်လုပ်ကိုင်ခြင်းထက်ထုတ်လုပ်မှုပိုင်း တွင်စပါးနှင့်ငါးရောနှောမွေးမြူခြင်းကပို၍ ကောင်းမွန်သည့်အတွက်စပါး-ငါးကန်များမှာ ပို၍ပေါများပါသည်။ ဤနည်းစနစ် သည်အကျိုးအမြတ် ရရှိစေသည်မှန်သော်လည်း အားနည်းချက်၊ အားသာချက်များ လည်းရှိနေ သေးပါသည်။
-
-
အကျိုးကျေးဇူးများ (Advantages)
- ပုံမှန်စပါးစိုက်ပျိုးကာလတစ်ခုအတွင်းမှာပင် မိသားစုအတွက်စားသုံးရန်ဟင်းလျှာနှင့် ရောင်းချပါကလည်း ဝင်ငွေအ ချို့အားပြန်လည်ရရှိနိုင်ပါသည်။
- စပါးများအားဖျက်စီးသော အင်းဆင်ပိုးမွှားများအား ငါးများကအစာအဖြစ်စားသုံးပစ်လိုက်သောကြောင့် စပါးပင်များ ၏ပျက်စီးမှုကို ထိန်းညှိပေးပါသည်။
- ငါးတို့၏လှုပ်ရှားသွားလာမှုနှင့် စွန့်လိုက်သော မစင်များသည်(fecal)သဘာဝဩဇာအဖြစ်ရေထုနှင့် မြေဆီ လွှာကို အထောက်အကူဖြစ် စေပါသည်။
- လွယ်ကူရိုးရှင်းသည့်နည်းစနစ်တစ်ခုဖြစ်သည့်အတွက်လုပ်ကိုင်ရလွယ်ကူခြင်း။
- အကြောင်းအမျိုးမျိုးကြောင့်စပါးပင်များဆုံးရှုံးခဲ့သည်ရှိသော ဝင်ငွေထိခိုက်မှုကိုလျှော့နည်းစေနိုင်ခြင်း။
-
အကျိုးကျေးဇူးများ (Advantages)
-
-
တွေ့ကြုံရလေ့ရှိသည့်အားနည်းချက်များ (Disadvantages)
- ငါးများအတွက် ပုံမှန်ရေပမာဏပြည့်မှီနေစေရန် ပြုလုပ်ရခြင်း။
- ရေကြီးရေလျှံမှုကြောင့် ငါးများပြင်ပသို့ထွက်ခွာသွားနိုင်ခြင်း။
- ငါးသူခိုးများအန္တာရာယ်ဖြင့်တွေ့ကြုံနိုင်ခြင်း။
- ငါးရံ့၊ ငါးခူကဲ့သို့အသားစားငါးများဝင်ရောက်ပြီး မွေးမြူငါးများအားစားသောက်နိုင်ခြင်း။
- သီးနှံဖျက်ပိုးမွှားများအတွက် အသုံးပြုရသည့် စိုက်ပျိုးရေးသုံးဓါတုဗေဒပစ္စည်းများအား လိုအပ်သလိုမသုံးစွဲ နိုင်ခြင်း၊
- စပါးခင်းအတွင်းမွေးမြူထားသည့်ငါးများ၏အရွယ်အစား၊ ဈေးနှုန်းနှင့် ထုတ်လုပ်မှုကုန်ချိန်တို့ကို ငါးမွေး ကန်သီးသန့်ထက်မျှော်မှန်း၍မရနိုင်ခြင်း။
- ငါးများအတွက်ရေသွင်းရာတွင် အခြားစိုက်ခင်းများမှ သုံးစွဲထားသည့်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများပါ ဝင်လာနိုင်သည့်အတွက် ရေအရည်အသွေးအားထိန်းချုပ်နိုင်ရန်ခက်ခဲခြင်း။
-
တွေ့ကြုံရလေ့ရှိသည့်အားနည်းချက်များ (Disadvantages)
- စပါး-ငါးမွေးမြူရန်အတွက်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ
-
ရေရရှိနိုင်မှုနှင့်မြေဆီလွှာ (Water Available & Soil Quality)
- စပါး-ငါးမွေးမြူမည့်နေရာသည် အနည်းဆုံး (၅) လမှ (၆) လခန့်ထိ ရေရှိနိုင်သည့်နေရာဖြစ်ရမည်ဖြစ်ပြီး ဒေသ၏မိုးရေချိန်သည်လည်း ပုံမှန်ရွာသွန်းမြဲအခြေအနေတွင်ရှိရပါမည်။ စပါးခင်း၏မြေဆီလွှာသည် လည်း ရေကိုထိန်းထားနိုင်သည့် ရွံ့မြေအမျိုးအစားဖြစ်ရန်လိုအပ်ပြီး သင့်တင့်သည့်မြေဆီလွှာအရည် အသွေးများရှိနေရပါမည်။ အလားတူစပါး-ငါးမွေး မြူမည့်နေရာသည် ရေလွှမ်းမိုးခြင်းအန္တာရာယ်မှ ကင်းဝေးရန်အတွက်လည်းလုပ်ဆောင်ထားသင့်ပါသည်။
-
ရေသွင်းရေထုတ်မြောင်းများပြုလုပ်ခြင်း၊ (Excavation ditch/canal)
- ပုံမှန်စပါးစိုက်ခင်းတစ်ခုရှိလယ်ယာမြေပြုပြင်ခြင်းထက် ပိုမို၍ ငါးနေငါးထိုင်ကောင်းမွန်စေရန်ပြုလုပ်ပေး ရန်လိုအပ်ပါသည်။ အထူးသဖြင့်စပါးခင်းထဲတွင် ကတုတ်မြောင်းများတူးဖေါ်ထားရန်လိုအပ်ပါသည်။ မြောင်းတူး၍ရသည့်မြေဖြင့် ကန်သင်းဘောင်များပြုလုပ်ပြီး ရေသွင်းရေထုတ်နိုင်ရန် ပိုက်များတပ် ဆင်ထားပါ။ ထိုကဲ့သို့တူးဖေါ်ထားခြင်းအားဖြင့် ရေနည်းသွားသည့်အချိန်များတွင် အဆိုပါမြောင်းများထဲ တွင် ငါးများ နေထိုင်၍ အစာရှာဖွေနိုင်ပြီး ရေထုအပူချိန်မြင့်တက်လာ မှုမှလည်းရှောင်ရှားနိုင်မည်ဖြစ်သလို ငါးများဖမ်းဆီးရာတွင်လည်း အဆိုပါမြောင်းများအားအပိုင်းလိုက်ပိတ်ဆို့၍ ဖမ်းဆီးခြင်းဖြင့်လည်းအချိန် ကုန်သက်သာစေပါသည်။ မြောင်းများ၏အနက်ကို အနည်းဆုံး ၂ ပေမှ ၂ပေခွဲအထိတူးရန်လိုအပ်ပြီး အကျယ်ကိုမူ စပါးစိုက်ခင်းဧရိယာနှင့်မွေးမြူမည့်ငါးအရေအတွက်၊ အရွယ်အစားတို့ပေါ်မူတည်၍ ပြုလုပ်ရန်လိုအပ်ပါ သည်။
-
မြေဩဇာထည့်သွင်းခြင်း
- စပါးခင်းသီးသန့်ဖြစ်စေ၊ ငါးမွေးမြူရေးကန်သီးသန့်များတွင်ဖြစ်စေ မြေဩဇာထည့်သွင်းခြင်းသည် မဖြစ် မနေပြုလုပ်ရသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ လယ်ယာလုပ်ငန်းများတွင်မူအများဆုံးအသုံးပြုကြသည် မှာ နိုက်တရိုဂျင်နှင့်ပိုတက်စီယမ်မြေဩဇာများကိုအသုံးပြုကြပြီး ငါးကန်သီးသန့်များတွင်မူ ဥပမာအားဖြင့် အသင့်ထုတ်လုပ်ထားသည့်မြေဩဇာထည့်သွင်းခြင်းများကိုပြုလုပ်ကြပါသည်။ အကောင်းဆုံးသဘာဝမြေဩဇာများမှာ အခြောက် ခံထားသည့် တိရိစ္ဆာန်ထွက်မစင်များ ဥပမာ-နွားချေး၊ ကြက်ချေး အစရှိသည်တို့အား အသုံးပြုခြင်းဖြစ်သည်။ ပညာရှင်များမှ မြေဩဇာထည့်သွင်းနှုန်းများအား သုံးစွဲမည့်ပစ္စည်းပေါ်မူတည်၍ သတ်မှတ်ထားရှိကြပါ သော်လည်း အဓိကအရေးကြီးသည်မှာ စပါး-ငါးပြုလုပ်မည့် လယ်ယာမြေ၏ မြေချဉ်ဖန်နှုန်း(Soil PH)၊ စပါးပင်များအတွက်အဟာရဖြစ်သည့် နိုက်ထရိုဂျင်(N)၊ ဖေါ့စဖရပ်(P) နှင့် ပိုတက်စီယမ်(K) ဓါတ်များ၏ ပျော်ဝင်နေမှုတို့အားဉီးစွာစစ်ဆေးပြီး ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေး၍ အသုံးပြုခြင်းက ပိုမို၍ အကျိုးရှိ နိုင်ပါမည်။ အလားတူ မြေပိုင်ရှင်၏စပါးခင်းများနှင့်ပတ်သက်သည့်အတွေ့အကြုံတို့ပေါ်မူတည်၍လည်းထည့်သွင်းစဉ်းစားအသုံး ပြုနိုင်ပါသည်။
-
ငါးထည့်သွင်းရန်ပြင်ဆင်ခြင်း၊
-
စပါး-ငါးတွဲဖက်မွေးမြူခြင်းတွင်
- ငါးနှင့်စပါးအားတပြိုင်တည်းမွေးမြူထုတ်လုပ်ခြင်း (Concurrent System) နှင့်
- စပါးရိတ်သိမ်းပြီးချိန်မှ ငါးအားမွေးမြူခြင်း (Alternative System) တို့ဖြစ်ကြပါသည်။ ထုတ်လုပ်မှုနှုန်းမှာ (၂) မျိုးလုံးတွင်ကွဲပြားနိုင်ပြီး အားနည်းချက် အားသာချက်များလည်း ကိုယ်စီ ရှိနိုင်ပါသည်။
-
စပါး-ငါးတွဲဖက်မွေးမြူခြင်းတွင်
-
- ပုံမှန်ရေချိုငါးမွေးကန်များတွင်မွေးမြူကြသည့် ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်း၊ တီလာပီးယား တို့ သည်စပါးခင်းအတွင်းအများဆုံးထည့်သွင်းမွေးမြူကြသည့် ငါးမျိုးစိတ်များဖြစ်ကြပါသည်။ နည်းစနစ်ပိုင် နိုင်မှုရှိပါက ရေချိုပုစွန်ထုပ်ကြီးများကိုလည်း မွေးမြူနိုင်ပါသည်။ တစ်ခုသတိချပ်ရမည်မှာ ဖေါ်ပြပါငါးမျိုး များအားငါးသီးသန့်ရောနှောမွေးမြူကြသည့်အခါ ရေထုသည်ပုံမှန် ၄ပေခန့်ထိန်းထားရပြီး စပါး-ငါးကန် တွင်ရှိမည့် ရေထု(အနက်)မှာအများဆုံး(၂)ပေခန့်သာရှိနိုင်သည့်အတွက် ငါးထည့်သွင်းနှုန်းမှာနည်းပါးနိုင် ပါသည်။ စတင်ထည့်သွင်းမည့်ငါးအရွယ်အစားကိုမူ ဒေသတွင်းရရှိနိုင်မှုပေါ်မူတည်ပါသည်။ (၅/၆) လက်မ အရွယ်အစားများ မွေးမြူနိုင်ပါက သေပျောက်မှုနှုန်းနည်းနိုင်ပြီး စပါးရိတ်သိမ်းသည့်အချိန်တွင် အရွယ်အ ကြီးရရှိနိုင်မည်ဖြစ်ပါသည်။ ငါးများကို စပါးစတင်စိုက်ပျိုးပြီး (၅) ရက်မှ (၇) ရက်အကြာတွင် စတင်ထည့် သွင်းနိုင်ပါသည်။ အစာအား ဖွဲနုမှုန့် (၇၀%) နှင့် ပဲဖတ်၊ အခြားကုန်ကြမ်းတစ်ခုတို့ကို အလျှဉ်းသင့်သလို ရောစပ်၍ စုစုပေါင်းစတင်ထည့်သွင်းသည့်ငါးအလေးချိန်၏ (၃) မှ (၅) ရာခိုင်နှုန်းအားစတင်ကျွေးရမည် ဖြစ်ပါသည်။ စပါးမရိတ်သိမ်းမှီအထိ ရက်ပေါင်း(၃၀)ပြည့်တိုင်း ငါးများ၏ကြီးထွားနှုန်းအား စစ်ဆေးပြီးရရှိ သည့်စုစုပေါင်းအလေး ချိန်ပေါ်တွင်အခြေခံကာ အစာပမာဏအား ချိန်ဆ၍ ကျွေးသွားနိုင်ပါသည်။ ငါးမွေး မြူကာလမှာမူ စပါးမျိုးသက်တမ်းပေါ်တွင်မူတည်ပြီး ယေဘူယျအားဖြင့် ၃ လခွဲမှ ၅ လအထိအချိန်ရမည် ဖြစ်ပါသည်။ ငါးများအားစပါးမရိတ်သိမ်းမှီ (၅) ရက်မှ (၇) ရက်မတိုင်မှီ ဖမ်းယူရမည်ဖြစ်ပါသည်။ ငါးများ၏ စုစုပေါင်းကုန်ချိန်သည် စပါးခင်းထဲတွင်ရှိနေသော သဘာဝအစာနှင့် ဖြည့်စွက်ကျွေးမွေးလိုက်သော အစာ ပမာဏတို့ပေါ်တွင်မူတည်၍ ကွဲပြားနိုင်ပါသည်။ စပါး-ငါးမွေးမြူခြင်းသည် ရေနက်ကွင်းများတွင် စိုက်ပျိုး သော စပါးမျိုးများသည် ပိုမို၍ သင့်တော်မှုရှိပါသည်။
-
သုတေသနလုပ်ငန်းများနှင့်မူဝါဒပိုင်းဆိုင်ရာ (Research and Policy in Myanmar)
- စပါး-ငါးမွေးမြူရေးလုပ်ငန်းအားသုတေသနလုပ်ရန်အတွက်ခေါင်းစဉ် (research topics) ကွဲပေါင်းများစွာရှိနေ ပါသည်။ မြန်မာနိုင်ငံ၏နေရာဒေသကွဲပြားမှုတို့ပေါ်မူတည်၍ သုတေသနရလာဒ်များမှာ တူညီနိုင်မည့်မဟုတ် သော်လည်း အရေးကြီးသည်မှာ ရရှိလာသည့်ရလာဒ်များ၏ အားနည်းချက်အားသာချက်များအား တောင်သူ များသို့ပြန်လည်မျှဝေပြီး လက်တွေ့လိုက်နာကျင့်သုံးရန်လိုအပ်ပါသည်။အလားတူ စပါး-ငါးမွေးမြူခြင်းဆိုင်ရာ မူဝါဒများချမှတ် အကောင်အထည်ဖေါ်မှုများရှိသော်ငြား နည်းပညာ၊ အသိပညာများဖြန့်ဝေရန်လိုအပ်မှုနှင့် ထွက်ကုန်များအတွက်လည်း ကောင်းမွန်သော် ဈေးကွက်ဖေါ်ဆောင်နိုင်မှုအားနည်းမှုတို့ကြောင့် အတိုင်းအတာ တစ်ခုထိအောင်မြင်မှုမရရှိခြင်းများကိုကြုံတွေ့နေကြရပါသည်။ သို့ပါ၍ သုတေသနရလာဒ်များအား ခိုင်မာမှုရှိ သည်မူဝါဒများဖြင့်ပေါင်းစပ်လုပ်ကိုင်ခြင်းဖြင့် ရေရှည်တွင်အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ပါသည်။
-
ဖြစ်နိုင်ချေအလားအလာများအားသုံးသပ်ကြည့်ခြင်း. (Assessing the potential)
- ပဲခူးတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်ကျေးရွာများ၏ သဘာဝပါတ်ဝန်းကျင်ကွာခြားမှု
-
(Difference Situation between Bago region & Mon State)
စပါး-ငါးလုပ်ငန်းတွင် ရေရရှိနိုင်မှုနှင့်လယ်ယာမြေအနေထားတို့သည် အဓိကအားဖြင့်အရေးပါပါသည်။ မွန်ပြည်နယ်ရှိကျေးရွာအများစုသည်ပဲခူးတိုင်းဒေသကြီးဘက်ရှိကျေးရွာများထက်ပိုမိုအခွင့်အလမ်းရှိ နေပါသည်။ အကြောင်းပြချက်များစွာရှိနေနိုင်သော်လည်း ရေသိုလှောင်နိုင်မှုကြာချိန်၊ ကမ်းပါးပြိုတိုက်စား မှုအခြေအနေနှင့်လမ်းပန်းဆက်သွယ်ရေးတို့သည် အဓိကရပ်တည်လျှက်ရှိပါသည်။
-
- စနစ်ကျသည့်သုတေသနလုပ်ငန်းနှင့်စမ်းသပ်လုပ်ကွက်များ. (Systematic Research & Pilot project)
-
စီမံကိန်းအနေဖြင့်ပြီးခဲ့သည့်နှစ်များအတွင်းစပါး-ငါးစမ်းသပ်လုပ်ကွက်အချို့လုပ်ကိုင်ခဲ့ပြီး အောင်မြင်သည် ဟုအကြမ်းဖျဉ်းယူဆနိုင်သော်လည်း အခက်အခဲပေါင်းများစွာကြောင့် သိသာထင်ရှားသည့်ရလာဒ်များ မရရှိနိုင်ခဲ့ခြင်း။ ဥပမာအားဖြင့်
- စမ်းသပ်လုပ်ကွက်များ(သို့)သုတေသနလုပ်ငန်းများနှင့်ပါတ်သက်၍ခိုင်မာသည့်သဘောတူညီ မှုရယူခဲ့မှုများအားနည်းခြင်း။ အကျိုးဆက်အနေဖြင့်ကျေးရွာဘက်မှ သတ်မှတ်ထားသည့် နည်းစနစ်မှ သွေဖယ်၍ အချို့သောနည်းလမ်းများအားမိမိဘာသာလုပ်ကိုင်ခြင်း။
- လုပ်ငန်း၏အခြေအနေကိုသုံးသပ်တုန့်ပြန်နိုင်သော အနီးကပ်ဝန်ထမ်းမရှိခြင်း။
- ကောင်းမွန်သည့်အစီအစဉ်ချမှတ်လုပ်ဆောင်မှုအားနည်းခြင်း။
-
အခြားအချက်များလည်းရှိနေနိုင်ပါသေးသည်။
-
- စပါး-ငါးနှင့်ပတ်သက်သည့်ဗဟုသုတများဖြန့်ဝေနိုင်မှုနှင့်လုပ်ငန်းမြင့်တင်မှု။
-
(Promotion and knowledge sharing of Rice Fish Cultivation)
၎င်းတွင်(၂)ပိုင်းရှိပါသည်။
ပထမတစ်ချက်မှာ စပါး-ငါးမွေးမြူရေးနှင့်ပတ်သက်သည့်သီးသန့်နည်းပညာ ဆိုင်ရာအချက်များအား တောင်သူများအားမျှဝေခြင်း၊ သင်တန်းများပြုလုပ်ခြင်းနှင့်အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ဖြစ် ပါသည်။အကယ်၍စပါး-ငါးလုပ်ငန်းများအောင်မြင်မှုရရှိလိုပါက အဆိုပါအချက်များ သည်အရေးကြီးရှေ့ ပြေးလုပ်ငန်းစဉ်များဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့်စမ်းသပ်လုပ်ကွက်များမှရရှိလာသည့်ရလာဒ်များအား တောင်သူများနှင်အခြား ဆက်စပ်ရာအဖွဲ့အစည်းများအားပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ပိုမိုကောင်းမွန် နိုင်စေရန်ဝေဖန်အကြံပြုချက်များရရှိလာနိုင်ပါသည်။ အလားတူ၎င်းသည်သုတေသနလုပ်ငန်း၏ နည်းစနစ် (Methodology)ပိုင်းတွင်လည်းအရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
-
- စပါး-ငါးလေ့လာရေးခရီးစဉ်များ (Study Visit)
-
စပါး-ငါးအောင်မြင်မှုရှိနေသည့်ပြည်တွင်း၊ ပြည်ပဒေသများသို့ သွားရောက်လေ့လာခြင်း၊ အတွေ့အကြုံ များမျှဝေရယူခြင်းသည် တောင်သူများအမြင်ပွင့်စေရန်နှင့်အတွေ့အကြုံရရှိစေရန် အကောင်းဆုံးနည်း လမ်းတစ်ခုဖြစ်ပါသည်။
စာရေးသူအနေဖြင့် စီမံကိန်းတတိယကာလအတွင်းစပါး-ငါးလုပ်ငန်းများအောင်မြင်မှုရရှိလာစေရန်ရဲဝံ့စွာအာမမခံနိုင်သော်ငြား အထက်ဖေါ်ပြခဲ့ပြီးသော် သင်ခန်းစာများအားအကောင်းဆုံးပြင်ဆင်လုပ်ကိုင်ဆိုပါက အောင်မြင်မှုရရှိနိုင်မည်ဟုယုံကြည်မိပြီး အကောင်အထည်ဖေါ်သင့်သည့်လုပ်ငန်းတစ်ခုလည်းဖြစ်နေပါသည်။ အကြောင်းမှာ၎င်းလုပ်ငန်းသည်အခြားလုပ်ငန်းများထက် အရင်းအမြစ်များအဆင်သင့်ရှိနေသည့်အတွက်ဖြစ်ပါသည်။ (ဥပမာ-စပါးစိုက်ပျိုးတောင်သူများ)၊ အလားတူသက်ဆိုင်ရာအစုအ ဖွဲ့များရေရှည်ရပ်တည်နိုင်ရန်အတွက်လုပ်ငန်းတစ်ခုလည်းဖြစ်နေပါသည်။
အချုပ်အားဖြင့်ဆိုရသော်စပါး-ငါးတွဲဖက်မွေးမြူရေးလုပ်ငန်းသည် လယ်ယာကဏ္ဍအဆင့်မြင်တင်ခြင်းတင်ခြင်းလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး တောင်သူများဘက်မှလုပ်နိုင်ကိုင်နိုင်သည့် အနေအထားတစ်ရပ်တွင်ရှိနေပါသည်။ သို့ပါ၍ စာရေးသူအနေဖြင့် စပါး-ငါးမွေးမြူရေးဆိုင်ရာအခြေခံသိသင့်သည့်အချက်တို့အား တောင်သူများဖတ်မိစေခြင်းအလို့ငှာ အကျဉ်းချုပ်မျှရေးသားဖေါ်ပြလိုက်ရပါသည်။
References.
- Culture of fish in rice field, World Fish.
- Rice Fish Culture System, SEAFDEC Asian Aquaculture.
- Training Manual on Improved Rice Fish culture and Dyke Cropping, CSISA-Bangladesh.
- A comparison of methane emissions following rice paddies conversion to crab fish farming, research article.
- Success Story of Rice Fish Culture in MYSAP program in Shan State.(Myanmar Version)