မုတ္တမပင်လယ်ကွေ့စီမံချက်သည် Point B Design Thinking ရှိ Myanmar Coastal Conservation Lab (MCCL) နှင့်ပူးပေါင်း၍ ထိန်းသိမ်းကာကွယ်ခြင်းနှင့် သဘာဝသယံဇာတအရင်းအမြစ်ဆိုင်ရာ သုတေသန၊ သင်တန်းနှင့် လှုပ်ရှားမှုများအား ဒီဇိုင်းရေးဆွဲပြီး စီစဉ်ဆောင်ရွက်နိုင်ရန် မုတ္တမပင်လယ် ကွေ့စီမံချက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းနှင့် သုတေသနသင်တန်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ အစီအစဉ်သည် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ၊ MCCL ဝန်ထမ်း များနှင့် အလုပ်သင်များ၏စွမ်းရည်၊ ဗဟုသုတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသုတေသနလုပ်ငန်း များ ဆက်လက်ဆောင်ရွက်နိုင်မည့် ယုံကြည်ချက်များ တိုးပွားလာရေးအတွက် အောင်မြင်သော သုတေသနသင်တန်း ချဉ်းကပ်နည်းတစ်ရပ်ကို ဆောင်ရွက်ပြီးဖြစ်သည်။ ချဉ်းကပ်နည်းတွင် ပါဝင် သည့် အဓိကအစိတ်အပိုင်း ၃ ခုမှာ (၁) သုတေသနဒီဇိုင်းရေးဆွဲခြင်း၊ အဆိုပြုလွှာရေးသားခြင်း၊ ဘက်ဂျက်ပြင်ဆင်ခြင်း၊ သတင်းအချက်အလက်စီမံခန့်ခွဲခြင်းနှင့် ဆန်းစစ်လေ့လာခြင်းနှင့် သုတေသနအား ပါဝင်ပတ်သက်သူအသီးသီးအား ရှင်းလင်းတင်ပြခြင်းတို့အပါအဝင် ဆရာဆရာမနှင့် ကျောင်းသူကျောင်းသားတို့အတွက် ဘက်စုံသုတေသနစွမ်းရည်များ၊ (၂) မုတ္တမပင်လယ်ကွေ့စီမံချက် ဝန်ထမ်း များနှင့် အခြား ပြင်ပမှကျွမ်းကျင်ပညာရှင်များက တက္ကသိုလ်သုတေသနအဖွဲ့များ၊ ဘွဲ့ရ ကျောင်းသူကျောင်းသားများနှင့် MCCL တို့အား ပို့ချလိုသည့် သုတေသနခေါင်းစဉ်/ နည်းလမ်း များနှင့်ဆက်စပ်သည့် နည်းပညာပိုင်းဆိုင်ရာစွမ်းရည်များ၊ (၃) ဆန်းစစ်ဝေဖန်တွေးတောခြင်း၊ စနစ် များအား တွေးတောခြင်း၊ တည်ငြိမ်အေးချမ်း မှုရှိခြင်းတို့အပါအဝင် သင်ယူမှုနှင့် သုတေသနဆိုင်ရာ အဓိကစွမ်းရည်များဖြစ်သည်။
အစီအစဉ်တွင် တက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့် ဘွဲ့ရပြီးကာစပုဂ္ဂိုလ်များအား ရွေးချယ်၍ ၎င်းတို့၏ ဗဟုသုတ၊ စွမ်းရည်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းနှင့် သဘာဝသယံ ဇာတစီမံခန့်ခွဲမှုဆိုင်ရာ သုတေသနအပေါ် စိတ်ပါဝင်စားမှု၊ ယုံကြည်မှုရှိစေရေး၊ ဆန်းစစ်ဝေဖန် တွေးတောခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်သည့် လူသိ များသော အလုပ်သင်အစီအစဉ်လည်း ပါဝင်သည်။