ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများတွင် အရေးပါလှသည့် အစာမှအသားပြောင်းနှုန်း

ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများတွင် အရေးပါလှသည့် အစာမှအသားပြောင်းနှုန်း

Covid 19 ကာလဘယ်တော့ပြီးဆုံးမည်လဲမသိ၊ စားဝတ်နေရေးကတဖက်၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကတဖက်နှင့်ပြည်သူအပေါင်းအခက်တွေ့လှ၏။ မုတ္တမပင်လယ်ကွေ့စီမံကိန်းမှ ဝန်ထမ်း များလည်း အိမ်နှင့်အဆောင်တို့တွင်နေထိုင်ခြင်းဖြင့်မိမိတို့လုပ်ငန်းတာဝန်များအား အတတ်နိုင်ဆုံးကြိုးစားလုပ် ဆောင်ကြပါသော်လည်း စာရေးသူအမြင်အရဆိုလျှင် လုပ်ငန်းများသိပ်ခရီးမရောက်လှချေ။ ဖုန်းဖြင့်ပြောဆိုခြင်း၊ Online Meeting များပြုလုပ်၍ရနိုင်ပါသော်လည်း တချို့သောအရာများက ဒေသခံလူထုများ၊ ဌာနဆိုင်ရာဝန်ထမ်း များဖြင့်နဖူးတွေ့ဒူးတွေ့တွေ့ဆုံလုပ်ကိုင်မှသာ လုပ်ငန်းများပိုမိုပြီးမြောက်ခြင်းကိုဖြစ်စေ၏။ ထိုကဲ့သို့နေထိုင်ခြင်းမှ လည်း စဉ်းစားတွေးခေါ်ချိန်နှင့်စာဖတ်ခြင်းကဲ့သို့ ကောင်းကျိုးများကိုဖြစ်ထွန်းစေ၏။ မည်သို့ပင်ဖြစ်စေ စာရေးသူ ရရှိထားသောဘွဲ့၊ ရေချိုငါးမွေးမြူရေးလုပ်ငန်းများတွင်()နှစ်ခန့်လုပ်ကိုင်ခဲ့ဖူးသည့်အတွေ့အကြုံ၊ ဖတ်မှတ်ဖူး သည့်နည်းပညာဆိုင်ရာ စာတိုပေစများပေါ်အခြေခံ၍ အဆိုပါစာစုအား Stay at Home ကာလအတွင်း အသေးစားငါးမွေးတောင်သူများနှင့်ရင်းနှီးမတည်ငွေများစွာြဖင့်လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များအတွက်ဉီးတည် ၍ရေးသားလိုက်ရ ပါသည်။

အောင်မြင်သော ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်တည်စေရန် နည်းပညာနှင့် အဆိုပါနည်းပညာ အချက်အလက်များအား ကောင်းစွာစီမံခန့်ခွဲနိုင်ရန်အရေးကြီးလှပေသည်။ အဆိုပါနည်းပညာဆိုင်ရာအချက်များထဲ မှ အရေးကြီးလှသည့် အစာမှအသားပြောင်းနှုန်း(FCR)နှင့်သက်ဆိုင်သည့်အခြေခံအချက်များအား မျှဝေရေးသား ဖေါ်ပြသွားမည်ဖြစ်ပါသည်။ မိရိုးဖလာမဟုတ်ပဲ စီးပွါးဖြစ်လုပ်ကိုင်ကြသည့် တနိုင်တပိုင်မှသည် ငွေအလုံးအရင်း ဖြင့်လုပ်ကိုင်ကြသည့် ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းများတွင် စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏ၏ ၆၀ နှင့် ၆၀ % အထက်သည် ကျွေးမွေးရမည့် အစာ၏ကုန်ကျစရိတ်အဖြစ်ပါဝင်လျှက်ရှိပါသည်။ ၎င်းအခြေအနေတွင်မွေးမြူကာ လတစ်ခုအတွင်း ကျွေးလိုက်သည့်အစာပမာဏနှင့်တိုးလာသည့်ကုန်အလေးချိန်(တနည်း) မိမိတို့မွေးမြူထားသော မျိုးစိတ်များ၏ ကြီးထွားနှုန်းတို့အားဟန်ချက်ညီအောင်ထိန်းညှိလုပ်ကိုင်ရသည့်အလုပ်မှာ ခက်ခဲသည်ဟုမဆိုနိုင် သော်လည်း လွယ်ကူလှသည့်စီမံခန့်ခွဲမှုတစ်ခုတော့မဟုတ်ပါ။ စာရေးသူ ငါးမွေးမြူရေးလုပ်ငန်းများတွင်လုပ်ကိုင်ခဲ့ စဉ်ကာလတစ်လျှောက် အစာနှင့်အစာကျွေးမွေးခြင်း စီမံခန့်ခွဲမှုအလွဲများကြောင့် နှစ်စဉ်အရှုံးပေါ်ခဲ့ကြသည့် လုပ်ငန်းရှင်များစွာအားတွေ့ကြုံခဲ့ဖူးပါသည်။ တဖက်တွင်လည်း နိုင်ငံ၏ သွင်းကုန်ထုတ်ကုန် မူဝါဒ၊ စည်းမျဉ်းစည်း ကမ်းများက၎င်း၊ နိုင်ငံ၏ အခြေခံအဆောက်အဉီးများလိုအပ်ချက်များအရ၎င်း အစာကုန်ကြမ်းများနှင့် သိပ္ပံနည်း ကျဖေါ်စပ်အစာများ၏ ဈေးနှုန်းကြီးမြင့်မှုကလည်း ငါး/ပုစွန်မွေးမြူထုတ်လုပ်သူလုပ်ငန်းရှင်များအားများစွာထိခိုက် စေပါသည်။ မည်သို့ပင်ဖြစ်စေ ငါးမွေးတောင်သူများ၊ လုပ်ငန်းရှင်များအနေဖြင့်အခြေခံနည်းပညာဆိုင်ရာ အချက် များအားကြေညက်မှုရှိနေပါက အကျိုးစီးပွါးဖြစ်ထွန်းရန် ချိန်ညှိလုပ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။

အစာမှအသားပြောင်းနှုန်း (Feed Conversion Ratio/ FCR - မိမိတို့ကျွေးလိုက်သည့် အစာအလေးချိန်နှင့်မွေးမြူမျိုးစိတ်များ၏ တိုးလာသည့်အလေးချိန်(အသားတိုး နှုန်း) တို့၏အချိုးကိုဆိုလိုပါသည်။ FCR တွင်သီးသန့် ယူနစ်မရှိပဲ ကိန်းဂဏာန်းအချိုးပုံစံဖြင့်သာဖေါ်ပြကြပါသည်။ ဉပမာ။ မွေးမြူကန်အတွင်း ငါးမြစ်ချင်း အကောင် ၅၀၀ အား တစ်ကောင်ပျှမ်းမျှ (.၀၅ ပိဿာ/ ၅ ကျပ်သား) ဖြင့် စတင်မွေးမြူမည့်ဆိုပါက စတင်ထည့်သွင်းသည့် စုစုပေါင်းအလေးချိန်မှာ (၂၅ ပိဿာ) ရှိမည်ဖြစ်ပါသည်။ မွေးမြူကာလ() လအတွင်း အစာပိဿာချိန် ( ၃၅၀ )ကျွေးပြီးသည့်အချိန်တွင် တစ်ကောင်ပျှမ်းမျှအလေးချိန်မှာ (.၃၉ ပိဿာ/ ၃၉ ကျပ်သား) သို့ကြီးထွားလာသည်ဆိုပါက စုစုပေါင်းအလေးချိန်မှာ ၁၉၅ ပိဿာရှိနေမည်ဖြစ်ပါ သည်။ ၎င်းအခြေအနေအား အစာမှအသားပြောင်းနှုန်း(FCR)အား အောက်ပါ နမူနာဖေါ်ပြထားသည့်အတိုင်း တွက် ချက်ယူနိုင်ပါသည်။

နမူနာ။ ။ မွေးမြူကာလ () လအတွင်း ငါးမြစ်ချင်းအကောင် (၅၀၀) ၏အစာမှကြီးထွားနှုန်းတွက်ရန်။

 

အကောင်ရေ

တစ်ကောင်ပျှမ်းမျှ

(ပိဿာ)

စုစုပေါင်းအလေးချိန်

(ပိဿာ)

စုစုပေါင်းကျွေးခဲ့သည့် အစာအလေးချိန်

(ပိဿာ)

စတင်ထည့်သွင်းသည့် အခြေအနေ

၅၀၀

၀.၀၅

၂၅

 

()လပြည့် အခြေအနေ

၅၀၀

၀.၃၉

၁၉၅

၃၅၀

()လအတွင်းတိုးလာသည့်ကုန်ချိန်

 

 

၁၇၀

 

 လက်ရှိစုစုပေါင်းအလေးချိန် (၁၉၅) မှ စတင်ထည့်သွင်းသည့်စုစုပေါင်းအလေးချိန်(၂၅) အားနှုတ်ယူလျှင် (၁၇၀) ရပါမည်။ ၎င်းဖြင့်စုစုပေါင်းကျွေးခဲ့သည့်အစာအလေးချိန်ကို စားပါက ( ) ရရှိပါမည်ဖြစ်ပြီး FCR အား ( : ) ဟု ဖေါ်ြပပါသည်။ ဆိုလိုသည်မှာ မွေးမြူကာလ()လအတွင်း ငါး()ပိဿာကြီးထွားလာရန်အတွက် အစာ()ပိဿာ ကျွေးခဲ့ရခြင်းကိုသိရှိနိုင်မည်ဖြစ်ပြီး အချိန်ကာလတစ်ခုအတွင်း အဆိုပါ FCR ပြောင်းလဲမှုအား နည်းလမ်းမှန်ကန် စွာစစ်ဆေးပေးခြင်းအား မိမိတို့ကန်၏ အရှုံး/အမြတ်ကို ခန့်မှန်းတွက်ချက်နေနိုင်ပြီး ပြင်ဆင်စရာရှိသည်များကို အချိန်မှီလုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

ဉပမာ။ မွေးမြူကာလတစ်လျှောက်ကျွေးခဲ့သည့် အစာ() ပိဿာတန်ဘိုးသည် (၈၀၀) ကျပ်ဖြစ်ပြီး လက်ရှိငါး () ပိဿာဈေးကွက်ပေါက်ဈေးသည်(၂၂၀၀)ကျပ်ဟုမှတ်ယူပါက ၂၂၀၀ ကျပ်ရရန် အစာဘိုး ၁၆၀၀ ကျပ်ရင်းနှီးခဲ့ရပြီး အမြတ်ငွေ(၆၀၀)ကျပ်ရနေသည်ဟုသုံးသပ်နိုင်ပါသည်။ စုစုပေါင်းခန့်မှန်းတွက်မည်ဆိုပါက အစာကုန်ချိန်(၃၅၀) ပိဿာအတွက် တစ်ပိဿာ(၈၀၀) ကျပ်ဖြင့် ( ၂၈၀၀၀၀/နှစ်သိန်းရှစ်သောင်းကျပ်) ရင်းနှီးခဲ့ပြီး ငါးတစ်ပိဿာဈေး နှုန်း(၂၂၀၀ကျပ်)ဖြင့် ကန်တွင်းရှိခန့်မှန်းစုစုပေါင်းငါးကုန်ချိန် ( ၁၉၅)အတွက်တန်ဘိုးမှာ ၄၂၉၀၀၀/လေးသိန်းနှစ် သောင်းကိုးထောင်ကျပ်) ရှိမည်ဖြစ်ပြီး ၄ လအတွင်း အမြတ်ငွေ(၁၄၉၀၀၀/ဆယ်လေ့သိန်းကိုးသောင်းကျပ်) အမြတ်ရရှိနေသည်ဟုမှတ်ယူနိုင်ပါသည်။ အကယ်၍ FCR အချိုးမြင့်လာလေလေ အမြတ်နှုန်းနည်းလာလေလေ ဖြစ်ပြီး နောက်ဆုံးတွင်အရှုံးနှင့်ရင်ဆိုင်နိုင်ရပါသည်။

ဉပမာ။ မွေးမြူကာလ () လအတွင်း FCR ကိုစစ်ဆေးကြည့်ပါက (:) ဖြစ်နေပါက ငါး၁ပိဿာရရန် အစာဘိုး ၂၄၀၀ ကျပ်ကျွေးခဲ့ရပြီး လက်ရှိငါးပေါက်ဈေးအရ ၂၀၀ ကျပ် အရှုံးပေါ်နေပြီဖြစ်ပါသည်။ သို့ပါ၍ အထက်တွင်ဆိုခဲ့ပြီးသည့်အတိုင်း အချိန်ကာလတစ်ခုအတွင်းနည်းလမ်းမှန်စွာဖြင့် စစ်ဆေးသွားရန်လိုအပ်ပြီး အဖြေရှာ၍ အချိန်မှီပြင်ဆင်ခြင်းဖြင့် အကျိုးရှိလာနိုင်မည်ဖြစ်ပါသည်။ စာရေးသူ အချိန်ပိုင်းပညာရှင်အဖြစ် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများရှိငါးမွေးကန်ကြီးများရှိ လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအရ အခြေအနေဆိုးရွားနေသော မွေးမြူကန်များ၏ FCR အားစစ်ဆေးကြည့်ရာ (.၅ နှင့် ၃.၅ အကြား) ရှိနေသည်ကို တွေ့ရှိမှတ်သားဖူးခဲ့ပါသည်။

FCR ပေါ်တွင်လွှမ်းမိုးနေသည့်အချက်များ။ Influences Factors on FCR. - အထက်တွင်ဖေါ်ပြခဲ့ပြီးသော FCR တွက်ချက်မှုပုံစံသည်ရိုးရှင်းလွယ်ကူပြီး မွေးမြူသူတိုင်းအတွက်များစွာ အသုံးဝင်လှပါသည်။ သို့ပါသော်လည်း FCR အချိုးအားကောင်းမွန်နေစေရန် နည်းပညာပိုင်းဆိုင်ရာစီမံခန့်ခွဲမှုမှာ များစွာခက်ခဲလှပါသည်။ အဆိုပါ FCR ၏သဘောတရားသည်အခြား ကြက်၊ ဝက် ကဲ့သို့(live Stock ) မွေးမြူရေး လုပ်ငန်းများတွင်လည်း အတူတူပင်ဖြစ်ပါသည်။ သို့သော် ကြက်မွေးမြူရေးခြံတစ်ခြံရှိ ကြက်များ၏ ကြီးထွားနှုန်း၊ သေဆုံးမှု၊ ရောဂါကျရောက်မှုတို့ကို ခြံတာဝန်ရှိသူမှ လွယ်ကူစွာြမင်နိုင်သိနိုင်ပါသော်လည်း ရေထဲတွင်ရှိသော ငါး/ပုစွန်/ကဏာန်း အစရှိသည်တို့၏ အခြေအနေများကိုမူ လွယ်ကူစွာမျက်စိဖြင့်မြင်တွေ့သုံးသပ်ရန်မှာ များစွာ ခက်ခဲပါသည်။ လုပ်ငန်းအတွေ့အကြုံ၊ နည်းပညာဆိုင်ရာအခြေခံ ဗဟုသုတရှိမှု၊ စူးစမ်းလေ့လာလိုစိတ် တို့ပေါ်တွင် မူတည်လျှက်ရှိပါသည်။ သို့ပါ၍ FCR နှင့် အဓိကသက်ဆိုင်သည့်အချက်များများစွာရှိသည့် အထဲမှ အချို့သော အရေးကြီးခေါင်းစဉ်များအား အကျဉ်းချုပ်မျှဖေါ်ပြလိုက်ပါသည်။

  • စတင်မွေးမြူသည့် စုစုပေါင်းပျှမ်းမျှအလေးချိန် (Initial Stocking Average Weight)

ငါး/ပုစွန်မွေးမြူသူအများစုသည် အဆိုပါအချက်အား ဂရုမစိုက်ကြပါ။ ပုံမှန်အားဖြင့် ဉပမာ- ငါးစတင်မွေးမြူ ရန်အတွက် သားပေါက်များအား ဝယ်ယူသည့်အခါ အလျှား (လက်မ) ဖြင့်သာ တိုင်းတာ၍ တန်ဘိုးသင့်ကာ ဝယ်ယူထည့်သွင်းပြီး အလေးချိန်အား မှတ်တမ်းတင်ထားရန်ပျက်ကွက်ကြပါသည်။ သို့ပါ၍ ငါးအမျိုးအစား အလိုက်၊ အရွယ်အစား(လက်မ(သို့)စင်တီမီတာအလိုက် အချိန်တစ်ခုပေးပြီး အရေအတွက်တစ်ခုသတ်မှတ်၍ အလေးချိန်အားချိန်တွယ်ကာကောင်းစွာမှတ်တမ်းတင်ထားသင့်ပါသည်။ ထိုသို့ပြုလုပ်ထားခြင်းအားဖြင့် စတင်ထည့်သွင်းလိုက်သည့်စုစုပေါင်းပျှမ်းမျှအလေးချိန်ကိုသိရှိနိုင်မည်ဖြစ်သလို အချိန်ကာလတစ်ခုရောက်ရှိ လာပါက မည်မျှကြီးထားလာသည်ကိုတွက်ချက်နိုင်မည်ဖြစ်ပါသည်။ ဉပမာ ငါးမြစ်ချင်း () လက်မ အရွယ်အ စားတစ်ကောင်သည် ၁ကျပ်ခွဲသားရှိသည်ဆိုပါက စုစုပေါင်းထည့်သွင်းသည့်အကောင်ရေဖြင့် မြှောက်ပြီး အလေးချိန်အားရရှိမည်ဖြစ်ပါသည်။ (အထက်ပါဇယားတွင်လည်းတွေ့မြင်နိုင်ပါသည်။) ထိုသို့မဟုတ်ပဲ လက်ရှိ ရောက်ရှိနေသည့် အလေးချိန်နှင့်သာ FCR တွက်မည်ဆိုပါက လွဲမှားသည့် FCR အချိုးကိုသာရရှိမည်ဖြစ်သည်။

  • အစာနှင့်ဈေးနှုန်းများအတွက် ကောင်းမွန်သောမှတ်တမ်းတင်ထားရှိမှု. (Good Record Keeping for feed and market price)

မှတ်တမ်းမှတ်ရာကောင်းများထားရှိခြင်းသည် အစာအတွက်သာမကပဲ အခြားသောအထွေထွေဆောင်ရွက် ချက်များအတွက်လည်း အသုံးဝင်လှပါသည်။ မွေးမြူကန်တစ်ခုတွင် ပြဿာနာရှိလာပါက ပညာရှင်များ၊ တာဝန်ရှိသူများအနေဖြင့် အဆိုပါမှတ်တမ်းများအား ပြန်လည်သုံးသပ်၍ အဖြေရှာရပါသည်။

မိမိတို့ကျွေးမွေးမည့် အစာများသည် ကုန်ကြမ်းတိုက်ရိုက်ဖြစ်စေ၊ အသင့်ဖေါ်စပ်ပြီး စက်ရုံထုတ်အစာများဖြစ် စေ ဈေးကွက်မှဝယ်ယူသည့်အခါ အစာအရည်အသွေး၊ ဈေးနှုန်း၊ သယ်ယူစရိတ်အစရှိသည်တို့သည် အချိန်နှင့် အမျှပြောင်းလဲနေပါသည်။ အဆိုပါအချက်များအား အပါတ်စဉ်၊ လစဉ် (သို့) အစာတစ်ကြိမ်ဝယ်ယူတိုင်း ကောင်းစွာမှတ်တမ်းတင်ထားသင့်ပါသည်။ သို့မှသာ မွေးမြူကာလတစ်ခုရောက်ရှိလာပါက ကျွေးခဲ့သည့် အစာ()ပိဿာတန်ဘိုးပျှမ်းမျှကိုတိကျစွာတွက်ချက်နိုင်ပါမည်။ အထူးသဖြင့် ကန်မဖေါ်ခင်(သို့)ဈေးကွက်သို့ မပို့ခင်အချိန်တွင် ကန်၏အရှုံးအမြတ်ကိုတွက်ချက်သည့်အခါ အနီးစပ်ဆုံးခန့်မှန်းနိုင်မည်ဖြစ်ပါသည်။ စီးပွါး ဖြစ်လုပ်ကိုင်ကြသည့်မွေးမြူရေးကန်များတွင် လယ်ဂျာစာအုပ်များဖြင့်မှတ်တမ်းတင်လေ့ရှိသော်လည်း ပြန်လည်သုံးသပ်တွက်ချက်မှုအပိုင်းမှာ များစွာအားနည်းလှပါသည်။

  • အစာများအားကောင်းမွန်စွာသိုလှောင်ထားရှိမှု။ (Good Storage for aquatic feed)

ဈေးကွက်မှစတင်ဝယ်ယူစဉ် အစာ၏အရည်အသွေးမှာ ၁၀၀ % ပြည့်ပါရှိမည်ဖြစ်သော်လည်း မိမိတို့ထံတွင် အစာပဏာမ ပေါ်မူတည်၍ သိုလှောင်သိမ်းဆည်းမှုကြာချိန်၊ ထားသိုမှုပုံစံ၊ ကြွက်၊ပိုးဟပ်ကဲ့သို့ အခြားမလို လားအပ်သည့်မျိုးစိတ်များ(other unwanted species)၏ဖျက်စီးမှု အစရှိသည်တို့ကြောင့် အစာ၏အရည်အ သွေး အထူးသဖြင့် အစာတွင်ပါဝင်သည့် အသားဓါတ်(Protein Content) သည် တဖြည်းဖြည်းချင်းလျှော့ကျ လာပါမည်ဖြစ်သလို အလေအလွင့်များပေါများလာမည်ဖြစ်ပေသည်။ အလားတူစိုစွတ်သည့်ကာလများတွင် အစာအိတ်ခွံများနှင့်အစာများတွင် မှိုများ(Fungus)ကပ်ငြိလာပါသည်။ ထိုကဲ့သို့အစာများအား ကျွေးမိပါက ကြီးထွားနှုန်းနှေးခြင်း၊ ရောဂါများဝင်ရောက်လာနိုင်ခြင်းနှင့်အခန့်မသင့်ပါက သေဆုံးမှုများပါကြုံတွေ့ရနိုင်ပါ သည်။ သိပ္ပံနည်းကျထုတ်လုပ်သည့်အစာစက်ရုံများမှ အစာအိတ်များတွင်မူထုတ်ပိုးမှုပုံစံအား ကောင်းမွန်စွာပြု လုပ်ကြပါသည်။ ထိုကဲ့သို့အစာအိတ်များအား အစာပမာဏပေါ်မူတည်၍ မြင့်မားစွာထပ်ထားပါက ၁ ရက် ၂ ရက်ခန့်ကြာလျှင်အောက်ဆုံးရှိအိတ်များသည် ပူ လာပါသည်။ အဆိုပါအပူချိန် ( Environmental Temperature) သည် အစာတွင်ပါဝင်သည် အဟာရဓါတ်များကို အတိုင်းအတာတစ်ခုထိ ပျက်စီးစေပါသည်။ အစာလုံလောက်စွာကျွေးပါသော်လည်းကြီးထားနှုန်းနှေးပီး FCR အချိုးမြင့်မားနေခြင်းမှာလည်း အစာသို လှောင်ခြင်းနှင့်လည်းအဓိကသက်ဆိုင်နေပါသည်။ သို့ဖြစ်ပါ၍ ဝယ်ယူသိုလှောင်မည့်အစာပမာဏ၊ ထားသိုမည့်နေရာအကျယ်အဝန်း၊ အစာအမျိုးအစားတို့ပေါ်မူတည်၍ လေဝင်လေထွက်ကောင်းစေရန်ပြုလုပ် ထားခြင်း( Good vandilation)၊ သိုလှောင်မည့်ရက်ပမာဏပေါ်မူတည်၍ အထက်အောက်လှန်ပေးခြင်း၊ နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ အလေအလွင့်များပြန်လည်စုစည်း၍ စကာဖြင့် ဖုန်မှုန့်နှင့်အခြားအညစ် အကျေးများအား ပြန်လည်သန့်စင်ခြင်း အစရှိသည်အချက်များကို ဂရုတစိုက်လုပ်ပေးရန်လိုအပ်ပါသည်။

  • အစာကျွေးနှုန်းနှင့်အစာကျွေးအကြိမ်ရေ (Feeding Rate & Frequency)

မွေးမြူထားသည့် ရေသတ္တဝါမျိုးစိတ်များ၏ အသက်အရွယ်၊ အရွယ်အစား အကြီးအငယ်ကို လိုက်၍ရှိနေကြ သည့် အစာစားသောက်နှုန်းထားများကို အခြေခံရပါသည်။ ထိုမှကျွေးမွေးရမည့် နှုန်းထားလိုအပ်မှုဖြင့် တစ်နေ့အတွက်၊ တစ်ပတ်အတွက် တစ်လအတွက် အစာလိုအပ်မှုများကိုကြိုတင်ခန့်မှန်းတွက်ချက်ပြီး ဝယ်ယူ စုဆောင်းသိုလှောင်ရပါသည်။ အစာကျွေးနှုန်းများကို တွက်ချက်ရာတွင် အရွယ်အစားအပြင် မွေးမြူကန် အကျယ်အဝန်း တစ်ခုလုံးတွင်ရှိနေမည့် မွေးမြူမျိုးစိတ်များ၏ စုစုပေါင်းအလေးချိန် ( Biomass ) ခန့်မှန်းတွက်ချက်ရရှိမှုပေါ်တွင်လည်းအခြေခံပါသည်။ အဆိုပါခန့်မှန်းတွက်ချက်ပြီး ကျွေးမွေးခြင်းသည်  လက်တွေ့တွင် များစွာအကျိုးရှိပြီး အသုံးဝင်လှပါသည်။ (အသေးစိတ်ရေးသားပါဉီးမည်)

အစာကျွေးအကြိမ်ရေမှာမူ မျိုးစိတ်များ၏ အရွယ်အစားနှင့်အဓိကသက်ဆိုင်ပါသည်။ ဉပမာ။ ငါးအငယ်များ သည် ငါးအကြီးများထက် ခန္ဓာကိုယ်တွင်းဇီဝဖြစ်ပျက်မှု (Metabolism) နှုန်းသည်ပိုမိုမြန်ဆန်ကြပါသည်။ ဆိုလိုသည်မှာ ငါးအငယ်များသည် အစာစားသောက်မှုနှင့် အစာစားချင်စိတ် (appetite) သည် ငါးကြီးများ ထက်ပိုမိုလေ့ရှိကြပါသည်။ မှန်ကန်တစ်ခုအတွင်းတွင် မျိုးစိတ်တူ ငါးအငယ်နှင့်အကြီးတစ်ကောင်ထည့်ထား ပါက ငါးအငယ်၏ ခန္ဒာကိုယ်ပိုင်းဆိုင်ရာလှုပ်ရှားမှု ( Body movement Or Swimming ) သည် ငါးကြီးထက် ပိုမိုလှုပ်ရှားသည်ကိုတွေ့ရမည်ဖြစ်ပြီး metabolism နှုန်းမြင့်မားသောကြောင့်ဖြစ်ပါသည်။ အထူးသဖြင့် ငါးသားပေါက်ပြုစုကန်များတွင် မိမိတို့ကန်၏အခြေအနေပေါ်မူတည်၍ တစ်ရက်လျှင် စုစုပေါင်းကျွေးရမည့် အစာပမာဏအား () ကြိမ်မှ () ကြိမ်ခွဲ၍ ကျွေးခြင်းဖြင့် အစာကုန်ကျမှုနှင့်ကြီးထွားနှုန်းအား ဟန်ချက်ညီ အောင်လုပ်နိုင်မည်ဖြစ်သလို အစာလေလွင့်မှုကိုလည်းလျှော့ချနိုင်မည်ဖြစ်ပါသည်။ အလားတူ အသားတိုးကန် များတွင်စတင်မွေးမြူသည့် ငါးအငယ်ဆိုဒ်များအတွက် ပထမ()လမှ () လအတွင်းတွင် အစာကို()ကြိမ်ခွဲ၍ ကျွေးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

အထက်ဖေါ်ပြခဲ့ပြီးသောအချက်များအား နည်းလမ်းမှန်ကန်စွာ ကျင့်သုံးသွားခြင်းအား ဖြင့် အစာနှင့်ကြီးထွား နှုန်းအချိုး သင့်တင့်မျှတပြီးအကျိုးဖြစ်ထွန်းနိုင်ပါသည်။ အခြားသော FCR ပေါ်တွင်လွှမ်းမိုးနေသည့်အချက် များလည်းရှိနေသေးပါသော်လည်း အခါအခွင့်သင့်ပါက အထက်ဖေါ်ြပခဲ့သောခေါင်းစဉ်တစ်ခုချင်းအလိုက် နှင့် ကျန်ရှိနေသည့်အချက်များအား အသေးစိတ်ရေးသားဖေါ်ပြသွားမည်ဖြစ်သည်ကို ရေးသားတင်ပြရင်းဖြင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။