ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့

ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့

ကျွန်ုပ်တို့သည်

မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတွင်ရှိသည့် ရေမြေဒေသအသီးသီးမှ ဝန်ထမ်းပေါင်း ၄၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသော NAG သည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ငြိမ်းချမ်း သာယာဝပြောစွာဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ ကွန်ယက်များနှင့် အတူတကွ လက်တွဲဆောင်ရွက် လျက်ရှိသည်။

ကျွန်ုပ်တို့၏မျှော်မှန်းချက်

သာတူညီမျှရှိမှုနှင့် ကွဲပြားခြားနားမှုအမျိုးမျိုးကို တန်ဖိုးထားမြတ်နိုးသည့် ငြိမ်းချမ်းသာယာဝပြော ပြီး ဂုဏ်သိက္ခာရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ထူထောင်ရန် ဖြစ်သည်။

 

ကျွန်ုပ်တို့၏ ခံယူချက်

NAG သည် ဒေသခံပြည်သူလူထုများအား စွမ်းရည်မြှင့်တင်ပေးခြင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အားကောင်းလာစေရန် ဆောင်ရွက်ပေးခြင်းနှင့် ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်ပေါ်လာရေးတို့ကို အလေးထား၍ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများဦးဆောင်သော စီမံကိန်းများမှတစ်ဆင့် လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ရွက်သွားမည်။      

ကျွန်ုပ်တို့၏အားသာချက်မှာ အဖွဲ့အစည်းများ၊ ကဏ္ဍအသီးသီးနှင့် ဒေသအသီးသီးတို့နှင့်အတူတူ တက်တက်ကြွကြွ လုပ်ဆောင်နိုင်စွမ်းပင်ဖြစ်ပြီး NGA သည် ဆင်းရဲနွမ်းပါးသူများနှင့် ဘေးအန္တရာယ် ကျရောက်လွယ်သည့် လူမှုအသိုက်အဝန်းများ၏ ကိုယ်ပိုင်လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်သည့် ကွန်ယက်များနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ဖန်တီးပေးနိုင်ရန်လည်း အဓိက ဉီးတည်ပါသည်။    

ရပ်ရွာလူထုအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများဖန်တီးပေးခြင်းတို့ သည် ၎င်းတို့အတွက် အကျိုးရှိစေမည့် ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော်ရာတွင် အတူတကွ ပါဝင်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ဘက်စုံလွှမ်းခြုံသည့်လုပ်ငန်းစဉ်မှတစ်ဆင့် ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးပြီး ငြိမ်းချမ်းသာယာဝပြော၍ ဂုဏ်သိက္ခာရှိသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ဆီသို့လည်း ဉီးဆောင်လမ်းပြပေးပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်များ

NAG သည် အောက်ပါရည်မှန်းချက်ပန်းတိုင် (၄) ရပ်ကိုဉီးတည်သော မဟာဗျူဟာချဉ်းကပ်နည်း တစ်ရပ်ကို အသုံးပြု၍ ငြိမ်းချမ်းသာယာဝပြောပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြန်မာနိုင်ငံ ဖြစ်လာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည် -

  • အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ - ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာအကူအညီနှင့် ငွေလုံး ငွေရင်းအသုံးစရိတ်များ တိုးမြင့်ရရှိလာမှုမှတစ်ဆင့် သင့်တင့်လျောက်ပတ်ပြီး လက်တွေ့ ဆောင်ရွက်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာပုံကို ရပ်ရွာလူထုများ သိမြင်နိုင်စေရန်၊
  • အုပ်ချုပ်မှု - ရပ်ရွာလူထုများ၏ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှတစ်ဆင့် အထူးသဖြင့် သဘာဝသယံဇာတများစီမံခန့်ခွဲရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်း ကြောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တို့တွင် ညီညွတ်မျှတသည့် မူဝါဒများ ချမှတ် နိုင်ရန်၊
  • အရပ်ဖက်လူမှုအဖွဲ့အစည်း - အဖွဲ့အစည်းအတွင်းနေထိုင်သူများသည် ၎င်းတို့၏ ရပိုင်ခွင့်နှင့် တာဝန်တို့ကို နားလည်သဘောပေါက်ပြီး ဒေသဆိုင်ရာနှင့် မူဝါဒအဆင့် ဆုံးဖြတ်ချက်ချမှတ် ခြင်းကဏ္ဍတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြစေရန်၊ ဘေးအန္တရာယ်များ ကြုံတွေ့စဉ် အခိုက်အတန့်နှင့် အရေးပေါ်ကာလများအတွင်း ၎င်းတို့အတွက် အမှန်တကယ်လိုအပ်ချက် များကို သိရှိနိုင်ရေးအတွက် ရပ်ရွာလူထုများအား စွမ်းရည်မြှင့်တင်ပေးရန်၊
  • ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း - အစိုးရရုံးဌာနများနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများသည် တာဝန်ယူကာ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရပ်ရွာလူထု၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်

ကျွန်ုပ်တို့သည် အဖွဲ့အစည်းများ၊ ကဏ္ဍအသီးသီးနှင့် နယ်စပ်ဒေသများမှတစ်ဆင့် ထိထိရောက် ရောက် ဆောင်ရွက်လျက်ရှိပြီး ကျွန်ုပ်တို့၏ အားသာချက်မှာ ဆင်းရဲနွမ်းပါးသူများနှင့် ဘေး အန္တရာယ်ကျရောက်လွယ်သည့် လူမှုအသိုက်အဝန်းများ၏ ကိုယ်ပိုင်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သည့် ကွန်ယက်များနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ဖန်တီးပေးနိုင်စွမ်းပင် ဖြစ်သည်။

ရပ်ရွာလူထုအား စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများဖန်တီးပေးခြင်းတို့ သည် ၎င်းတို့အတွက် အကျိုးရှိစေမည့် ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော်ရာတွင် အတူတကွ ပါဝင်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ဘက်စုံလွှမ်းခြုံသည့်လုပ်ငန်းစဉ်သည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို မြှင့်တင်ပေး၍ ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးကာ အရပ်ဖက်လူမှုအဖွဲ့အစည်း အားကောင်း လာစေရန် ဆောင်ရွက်ပေးပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်စေပါသည်။