လှိုင်းလုံးများရဲ့ဒဏ်

လှိုင်းလုံးများရဲ့ဒဏ်

“လှိုင်းလုံးများရဲ့ဒဏ်” သည် မုတ္တမပင်လယ်တွေ့ဒေသတွင်တည်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ ဘဝဇာတ်လမ်းနှင့် ၎င်းတို့၏ကျေးရွာများနှင့် လယ်ယာမြေများ ရေတိုက်စားခံရပြီး ပြိုကျပျက်စီးပြီးနောက် နေရာသစ် တွင် ပြန်လည်အခြေချနေထိုင်ကြသည့်အခါ ကြုံတွေ့ရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရိုက်ကူးထားခြင်းဖြစ်သည်။ ဒေသခံများ၏ပြောကြားချက်အရ မြေပြိုမှုသည် လယ်ယာမြေဧက ပေါင်း ၁၀၀၀ ကျော်ကို ဖျက်ဆီးပစ်ခဲ့ပြီး ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံဦးရေ ၁၀၀၀ ခန့်အား ၎င်းတို့နေထိုင်ရာအရပ်ဒေသကို စွန့်ခွာစေကာ ဆင်းရဲတွင်းသို့ တွန်းပို့ပစ်ခဲ့ကြောင်း သိရှိရသည်။ ဤအဖြစ်အပျက်ကို ဒေသခံပြည်သူချည်းသပ်သပ် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ အလှူရှင်အဖွဲ့အစည်း များထံမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် မြန်မာနိုင်ငံအစိုးရ၏ ကာကွယ် စောင့်ရှောက်မှုတို့ကိုလည်း လိုအပ်လျက်ရှိပါသည်။